ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်လမုန့်ပွဲတော်” အွန်လိုင်းကဏ္ဍတွဲအစီအစဉ် တင်ဆက်ခြင်း
ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား
ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်လူမျိုးတို့၏ အရေးပါသော ရိုးရာပွဲတော် ဖြစ်သည်။ ၎င်းပွဲတော်နှင့် ပတ်သက်သော ရှေးဟောင်းဒဏ္ဍာရီနှင့် ရင်ကို ထိမိခံစားစေသော ပုံပြင်များရှိပြီး လူသားတို့၏ ချစ်ခင်သင့်မြတ် ပေါင်းစည်းခြင်း၊ လူနေမှုဘဝ သာယာလှပခြင်း မျှော်လင့်ချက် ပုံရိပ်များလည်း ပါရှိနေပေသည်။ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပပြီး တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ဆက်ဆံရေးစင်တာနှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့ ပြုလုပ်ကျင်းပသည့် အမှတ်တံဆိပ် လှုပ်ရှားမှုပွဲ “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်လမုန့်ပွဲတော်” အွန်လိုင်းကဏ္ဍတွဲအစီအစဉ်များကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ အောက်တိုဘာလ (၆) ရက်နေ့အထိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Official Account ၊ Facebook စာမျက်နှာနှင့် Official Website တို့တွင် တစ်ပြိုင်နက်တည်း တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
ယခုတစ်ခေါက်အစီအစဉ်သည် တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်ခေါင်းစဉ်ကို အဓိကထား၍ တရုတ်လူမျိုးများ၏ ပြောင်မြောက်လှသော ရိုးရာယဉ်ကျေးမှု အနှစ်သာရများကို ဖော်ထုတ်ကာ “ဂန္ထဝင်စကားစု ဆောင်းဦးလယ်”၊ “မြည်းစမ်းစားဖွယ် ဆောင်းဦးလယ်”၊ “တေးသီကျူးမယ် ဆောင်းဦးလယ်” နှင့် “ကဗျာပန်းချီစပ်ခြယ် ဆောင်းဦးလယ်” စသည့် အကြောင်းကဏ္ဍ (၄) ရပ်ကို အခြေခံအဖြစ် ဖွဲ့စည်းထားရှိပါသည်။ တင်ဆက်မှုသဏ္ဌာန်များတွင် ခေါင်းစဉ်ပြပွဲ၊ ရိုးရာတေးဂီတ သံပြိုင်ဖျော်ဖြေပွဲ၊ စားဖွယ်ရာ စားဖိုဆောင်၊ တေးကဗျာ အပြန်အလှန် ဖလှယ်မှုနှင့် ကဏ္ဍတွဲဗီဒီယိုအတိုများ စသဖြင့် သဏ္ဌာန်အမျိုးမျိုး စုံလင်စွာ ပါဝင်ပါသည်။ မိသားစု ချစ်ခင်သင့်မြတ်မှု၊ လူမှုအဖွဲ့အစည်း လိုက်လျောညီထွေဖြစ်မှု စသည့် ဆောင်းဦးလယ်၏ တန်ဖိုးအမြင်များကို ဝေမျှပြီး တရုတ်လူမျိုးများ၏ အမိမြေခံစားချက်မေတ္တာတရားနှင့် လူသားတို့၏ ကံကြမ္မာအကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ယုံကြည်ချက်သဘောထားများကို ဆင့်ကမ်းရင်း “ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းနှင့် ကျန်းမာခြင်း” ဟူသော ဆန္ဒမွန်များကို ထုတ်ဖော်ပြသထားပါသည်။
“ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်လမုန့်ပွဲတော်” အွန်လိုင်းကဏ္ဍတွဲအစီအစဉ်မှတစ်ဆင့် “စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းသာယာမှု” စသည့် ဆောင်းဦးလယ် ယုံကြည်ချက်သဘောထားများကို အားလုံး အတူတကွ ခံစားရင်း ထိန်လင်းသော လရောင်တစ်ခုတည်းအောက်တွင် အရောင်အသွေးစုံလင်သည့် ဆောင်းဦးလယ်လမုန့်ပွဲတော်ကို ဖြတ်သန်းကြရအောင်လားရှင်။