လေးစားဖွယ်ရာ လက်မှုပညာရှင် - ထန်ခါမိသားစုရဲ့ အင်အားသစ်
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ယနေ့တင်ဆက်သည့် အစီအစဉ်သည် ခါတော်(Khatok)မိသားစု နှစ်ရာချီထန်ခါအနုပညာ၏ စတုတ္ထမြောက်မျိုးဆက် Tenzin Phuntsok အကြောင်းကို တင်ဆက်ထားခြင်း ဖြစ်ပါသည်။ ရှေးလူကြီးများနည်းတူ Tenzin Phuntsok သည် မွေးဖွားစကတည်းကပင် ထန်ခါကမ္ဘာထဲတွင် ရှင်သန်နေထိုင်ခဲ့သူ ဖြစ်သည်။ ငယ်ရွယ်ပြီး တစ်ဇွတ်ထိုးဆန်သည့် ထန်ခါပန်းချီဆရာသည် ရှေးဟောင်းထန်ခါအနုပညာကို ဇွဲရှိရှိဖြင့် အမွေဆက်ခံဆဲဖြစ်ပြီး စမ်းသပ်မှုခြေလှမ်းကို ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သူသည် ထန်ခါကို လတ်ဆတ်သည့် စိတ်ဝိညာဉ် သွတ်သွင်းပေးခဲ့ပြီး သိုမှီးရရှိထားသော လေ့လာစူးစမ်းမှု တစ်ခုချင်းစီမှ ဘဝ၏ တန်ဖိုးနှင့် အနက်အဓိပ္ပာယ်များကို ရရှိခဲ့ပါသည်။