စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ဖာမန်ကျောင်းတော် မြေအောက်နန်းတော်ထဲက လက်ဖက်ရည်သုံးကိရိယာ”
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၈) - “ဖာမန်ကျောင်းတော် မြေအောက်နန်းတော်ထဲက လက်ဖက်ရည်သုံးကိရိယာ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။
ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။
မှတ်တမ်းရုပ်ရှင်
အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)
အပိုင်း (၈) - ဖာမန်ကျောင်းတော် မြေအောက်နန်းတော်ထဲက လက်ဖက်ရည်သုံးကိရိယာ
ကြာချိန် - (၅) မိနစ်
အကြောင်းအရာမိတ်ဆက်အကျဉ်း
“ရေသည် လက်ဖက်ရည်၏မိခင်၊ အသုံးအဆောင်ပစ္စည်းသည် လက်ဖက်ရည်၏ဖခင်” ဟူ၍ တင်စားပြောဆိုရလောက်အောင်ပင် ရေကောင်းရေသန့်နှင့် အသုံးအဆောင်ပစ္စည်းကောင်း ရှိမှသာလျှင် လက်ဖက်ရည်ကောင်းကို ရရှိနိုင်မည် ဖြစ်ပါသည်။ ထန်မင်းဆက်ခေတ်မှ စတင်၍ တရုတ်နိုင်ငံ၏ လက်ဖက်ရည်သုံးဆောင်သည့် နည်းလမ်းသည် သပ်ရပ်ကျန၍ အနုစိတ်လာသည်။ လက်ဖက်ရည်ဖျော်စပ်ရာတွင် အတတ်ပညာကျွမ်းကျင်မှုကို အလေးထားပြီး လက်ဖက်ရည်သောက်သုံးရာတွင် နှစ်လိုဖွယ်စိတ်ခံစားမှုပိုင်းက ပဓာနကျကာ လက်ဖက်ရည်နှင့် အသုံးအဆောင်ပစ္စည်းတို့၏ တစ်သားတည်းကျနေသည့် ခံစားမှုမျိုးကို လေ့လာလိုက်စားတတ်ကြသည်။
ဖာမန်ကျောင်းတော် မြေအောက်နန်းတော်ထဲမှ တူးဖော်တွေ့ရှိသော ဤတော်ဝင်နန်းတော်သုံး လက်ဖက်ရည် အသုံးအဆောင်ပစ္စည်းများသည် ယနေ့ထက်ထိတိုင် ကမ္ဘာပေါ်ရှိ အဆင့်အတန်းအမြင့်ဆုံး လက်ဖက်ရည်သုံးပစ္စည်းများဖြစ်ပြီး တရုတ်နိုင်ငံ၏ လက်ဖက်ရည်ယဉ်ကျေးမှု သုတေသနသမိုင်းထက်တွင်လည်း အပြီးပြည့်စုံဆုံးနှင့် ခြေရာလက်ရာမပျက်ဆုံး ဖြစ်သည့် လက်ဖက်ရည်သုံးပစ္စည်း ရှာဖွေတွေ့ရှိမှုပင် ဖြစ်သည်။ အရည်အသွေးမှာ ရွှေ၊ ငွေ၊ ဖန်နှင့် လျှို့ဝှက်အရောင်ကြွေသားတို့ ပါဝင်သည်။ ဒီဇိုင်းဆန်းပြားပြီး စိတ်ကူးစိတ်သန်းကောင်းမွန်ကာ လက်ရာသေသပ်ပြောင်မြောက်၍ အသုံးပြုသည့် ကုန်ကြမ်းများမှာ တန်ဖိုးကြီးလှသောကြောင့် ထန်မင်းဆက်ခေတ် တော်ဝင်လက်ဖက်ရည်အခမ်းအနားများ၏ အမြင့်မားဆုံးအဆင့်အတန်းကို ကိုယ်စားပြုနေတော့သည်။