လေးစားဖွယ်ရာ လက်မှုပညာရှင် - ကုန်းမြင့်ဒေသသို့ အရောက်လှမ်းခဲ့သော ပဲရစ်နတ်သမီး
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ယနေ့တင်ဆက်သည့် အစီအစဉ်သည် တရုတ်နိုင်ငံ ကုန်းမြင့်ဒေသ၌ (၁၀)နှစ် နေထိုင်ခဲ့ပြီး အပြင်ထွက်ခဲသည့် အမေရိကန်သူလေးတစ်ဦးအကြောင်းကို တင်ဆက်ထားခြင်း ဖြစ်ပါသည်။ သူမသည် ဒေသခံ တိဗက်တိုင်းရင်းသားများနှင့်အတူ ရှေးရိုးနည်းလမ်းကို အသုံးပြု၍ တိဗက်နွားမွေးလည်စည်းကို ရက်လုပ်ပြီး ရွာသူရွာသားများ၏ လက်ဖြင့် ရက်လုပ်ထားသည့် လည်စည်းကို ပဲရစ်သို့ ယူဆောင်သွားကာ တိဗက်နွားမွေးလည်စည်းအား ဇိမ်ခံအဆင်တန်ဆာပစ္စည်းအဖြစ် ဖြစ်လာစေခဲ့ပါသည်။ ထိုသူမှာ ရက်ကန်းအနုပညာရှင် Yeshe Decheng ဖြစ်ပါသည်။