“အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ထန်ခေတ် ၁၂ ရာသီခွင် ရောင်စုံရုပ်တုများ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-28 16:08:46


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၇) - “ထန်ခေတ် ၁၂ ရာသီခွင် ရောင်စုံရုပ်တုများ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210827165143.jpg


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၇) - ထန်ခေတ် ၁၂ ရာသီခွင် ရောင်စုံရုပ်တုများ



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


ချွန်းချိုးခေတ် အချိန်ကာလမှ စတင်၍ “၁၂ ရာသီခွင် တိရစ္ဆာန်အကောင်လေးများ”သည် တရုတ်လူနေမှုဘဝ၏ မိနစ်စက္ကန့်တိုင်းတွင် ပါဝင်တည်ရှိနေပါသည်။ ၎င်းတို့သည် အချိန်နတ်ဘုရားများ ဖြစ်ကြပြီး ကြွက်မှစတင်၍ ဝက်အထိ တိရစ္ဆာန် (၁၂)မျိုးတို့ အလှည့်ကျ ကျရောက်သည်။ ထန်မင်းဆက်ခေတ်တွင်မူ ၁၂ ရာသီခွင် တိရစ္ဆာန်များ၏ ကာကွယ်စောင့်ရှောက်မှုသည် အခြားလောကတစ်ခုဆီသို့ပင် ဆက်လက်ပျံ့နှံ့သွားခဲ့ပါသေးသည်။ ထန်ခေတ်လူများတွင် သတ်မှတ်စံနှုန်းနှင့် ကိုက်ညီသော အမှုထမ်းများ ကွယ်လွန်ပြီးနောက် ဂူသင်္ချိုင်းထဲတွင် ၁၂ ရာသီခွင်ရုပ်တုများ ထည့်သွင်းပါဝင်ရမည်ဟု သတ်မှတ်ထားပါသည်။ ယနေ့ခေတ် ရှန်ရှီး(Shaanxi)သမိုင်းပြတိုက်တွင် ထိန်းသိမ်းထားရှိသော ထန်ခေတ် ၁၂ ရာသီခွင် ရုပ်တုများသည် လူ့ခန္ဓာကိုယ်ရှိပြီး ဦးခေါင်းပိုင်းမှာ တိရစ္ဆာန်ပုံသဏ္ဌာန်အတိုင်းပင် ရှိနေကာ မျက်နှာအမူအရာ တည်ကြည်လေးနက်လှသည်။ ထန်ခေတ် ၁၂ ရာသီခွင် ရောင်စုံရုပ်တုများသည် ကာကွယ်စောင့်ရှောက်မှု၏ အဆက်ဖြစ်ပြီး ယဉ်ကျေးမှု၏ လက်ဆင့်ကမ်းအမွေဆက်ခံခြင်း သဘောကိုပါ ပို၍ပင် ဖော်ဆောင်နေပေသည်။