ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - ဆိုလာစွမ်းအင် အိုအေစစ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-26 18:06:11


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။



ယနေ့အကြောင်းအရာတွင် တရုတ်လုပ်ငန်းမှ ပါကစ္စတန်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံ ဆောက်လုပ်ခဲ့သော ကမ္ဘာ့အကြီးဆုံး ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ အကြောင်းအရာကို မိတ်ဆက်ဖော်ပြသွားပါမည်။ တရုတ်လုပ်ငန်းသည် မြင့်မားသော အသင်းအဖွဲ့ လုပ်ငန်းဆောင်ရွက်လည်ပတ်နိုင်မှုအားနှင့် ခေတ်ရှေ့ပြေးသော နည်းပညာအဆင့်အတန်းများအား အသုံးချ၍ တရုတ်အမြန်နှုန်းနှင့် တရုတ်နည်းပညာတို့ဖြင့် ကန္တာရဒေသတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံကို  တည်ဆောက်နိုင်ခဲ့သည်။ ဤ ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ခေတ်ရှေ့ပြေးနည်းပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း အမြောက်အများကို သယ်ဆောင်လာပေးရုံသာမက ဒေသခံများအတွက် စွမ်းအင်ထောက်ပံ့ပေးမှုများကိုလည်း အကျိုးဖြစ်ထွန်း ပြောင်းလဲလာစေခဲ့ပါသည်။