စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “အက်စတာနာ ဖူရှီးနှင့်နွီဝါပန်းချီ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-21 15:20:21


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၆) - “အက်စတာနာ ဖူရှီးနှင့်နွီဝါပန်းချီ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210820160632.jpg

ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၆) - အက်စတာနာ ဖူရှီးနှင့်နွီဝါပန်းချီ



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


ဖူရှီးနှင့်နွီဝါသည် တရုတ်ရှေးခေတ် ဒဏ္ဍာရီလာပုံပြင်များထဲမှ နတ်ဘုရားနှင့် လူသားမျိုးနွယ်တို့၏ ဘိုးဘေးများ ဖြစ်ကြသည်။ “အက်စတာနာ ဖူရှီးနှင့်နွီဝါပန်းချီ”ထဲရှိ ဖူရှီးနှင့်နွီဝါ နတ်ဘုရားများကို အဖြူရောင်၊ အနီရောင်၊ အဝါရောင်၊ အနက်ရောင်စသည့် အရောင်(၄)ရောင်တို့ဖြင့် ခြယ်မှုန်းရေးဆွဲထားပြီး လူဦးခေါင်း၊ မြွေခန္ဓာကိုယ်သဏ္ဌာန်ရှိသည်။ ဖူရှီး၏ ဘယ်လက်တွင် ကျင်တွယ်ကိုကိုင်ထားပြီး နွီဝါ၏ ညာလက်တွင် ထောက်ချွန်(ကွန်ပါ)ကို ကိုင်ဆောင်ထားသည်။ မြွေအမြှီးနှစ်ဖက်သည် အချင်းချင်း ရစ်ပတ်နေပြီး ဦးခေါင်းထက်တွင် နေ၊ အမြှီးနှစ်ဖက်ကြားတွင် လတို့ကို ရေးဆွဲထားကာ ပတ်ပတ်လည်တွင် ကြယ်များအပြည့် ရေးဆွဲထားသည်။ ပန်းချီတစ်ချပ်လုံး၏ ဖွဲ့စည်းပုံအထားအသိုများသည် တစ်မူထူးခြားပြီး အဓိပ္ပာယ်လေးနက်ကာ အနုပညာညှို့ဓာတ်နှင့် လျှို့ဝှက်ဆန်းကြယ်သော အရောင်အသွေးများ ပြည့်ဝနေသဖြင့် တရုတ်ရှေးခေတ် ဒဏ္ဍာရီလာပုံပြင်များထဲမှ ရှေးဦးလူသားမျိုးနွယ်တို့၏ သွင်ပြင်ပုံသဏ္ဌာန်နှင့်တကွ မသိရှိသေးသော ဘာသာရေးအနက်အဓိပ္ပာယ်တို့ကို ဖော်ထုတ်ပြသနေပါသည်။


26ed362efb97e7abd63b20f9615aecbf.jpg

1f4a79e29ec36fd4165782893734129d.jpg