“ဆုံစည်းကြမယ် ၂၀၂၂ ဝယ်” ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ လာဘ်ကောင် “Bing DwenDwen” နှင့် ဆောင်းရာသီမသန်စွမ်းအိုလံပစ်ပွဲ လာဘ်ကောင် “Shuey RhonRhon” တို့ကို ဂုဏ်ယူစွာ မိတ်ဆက်ဖော်ပြခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-19 13:52:20



ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲတို့၏ လာဘ်ကောင်ရုပ်လေးများဖြစ်သော “Bing DwenDwen” နှင့် “Shuey RhonRhon”တို့ကို မိတ်ဆက်ပေးလိုက်ပါပြီ။ သူတို့လေးတွေအကြောင်း ကျွန်မတို့အတူတကွ လေ့လာကြည့်ကြရအောင်လားရှင့်။


WeChat Image_20210817180620.jpg


ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ၏ လာဘ်ကောင်ရုပ်လေးဖြစ်သော “Bing DwenDwen” (ပင်းဒွိမ်ဒွိမ်)ကို ပန်ဒါဝက်ဝံ၏ မူလသဏ္ဌာန်ပေါ်တွင် အခြေခံ၍ ဖန်တီးတီထွင်ထားပါသည်။ “ရေခဲ”ဟု အနက်အဓိပ္ပာယ်ရှိသည့် “Bing(ပင်း)”သည် ဖြူစင်မှုနှင့် ကြံ့ခိုင်မှုကို ကိုယ်စားပြုနေပြီး ဆောင်းရာသီအိုလံပစ်ပွဲ၏ ထူးခြားချက်ဝိသေသပင်ဖြစ်သည်။  “DwenDwen(ဒွိမ်ဒွိမ်)”သည် ရိုးသားမှု၊ ကျန်းမာမှု၊ သွက်လက်မှု၊ ချစ်စဖွယ်ကောင်းမှုတို့ကို အဓိပ္ပာယ်ဖော်ဆောင်နေပြီး ပန်ဒါဝက်ဝံ၏ ပုံပန်းသဏ္ဌာန်နှင့် လိုက်ဖက်မှုရှိကာ ဆောင်းရာသီအိုလံပစ်အားကစားပွဲတွင် ပါဝင်သူ အားကစားသမားများ၏ တောင့်တင်းကြံ့ခိုင်သော ခန္ဓာကိုယ်၊ ခိုင်မာသော စိတ်ဆုံးဖြတ်ချက်နှင့် အားတက်ဖွယ် အိုလံပစ်အားကစားပွဲစိတ်ဓာတ်တို့ကို ကိုယ်စားပြုဖော်ဆောင်နေပါသည်။


WeChat Image_20210817180624.jpg


ပေကျင်း မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ၏ လာဘ်ကောင်ရုပ်လေးဖြစ်သော “Shuey RhonRhon” (ရွှယ်ရုန်ရုန်)ကို မီးပုံး၏ မူလသဏ္ဌာန်ပေါ်တွင် အခြေခံ၍ ဖန်တီးတီထွင်ထားပါသည်။ “ဆီးနှင်း”ဟု အဓိပ္ပာယ်ရသည့် “Shuey(ရွှယ်)”သည် စင်ကြယ်မှုနှင့် လှပမှုကို ကိုယ်စားပြုနေပြီး ဆီးနှင်းအားကစား၏ ထူးခြားချက်ဝိသေသပင်ဖြစ်သည်။  “RhonRhon(ရုန်ရုန်)”သည် ကမ္ဘာ့ယဉ်ကျေးမှုများ အပြန်အလှန် နှီးနှောဖလှယ်ဆက်ဆံခြင်း၊ သင့်သင့်မြတ်မြတ်နှင့် သဟဇာတရှိစွာ တိုးတက်လာခြင်း သဘောတရားကို ဖော်ပြနေပြီး မီးပုံးမှာ အကျိုးရလဒ်၊ ဝမ်းသာပျော်ရွှင်မှု၊ နွေးထွေးမှုနှင့် အလင်းရောင်တို့ကို ကိုယ်စားပြုကာ ဆောင်းရာသီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲတွင် ပါဝင်သူ အားကစားသမားများ၏ မဆုတ်မနစ် ကြိုးစားသော စိတ်ဓာတ်နှင့် အားလုံးအတွက် စိတ်ဓာတ်ခွန်အားရဖွယ် ဆောင်းရာသီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲ၏ ခံယူချက်သဘောတရားများကို ပေါ်လွင်နေစေပါသည်။


WeChat Image_20210817180629.jpg