စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ယွင်ကမ်း-ထန်ယောက် လိုဏ်ဂူ ၅ ဂူ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-08-14 11:07:09


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၅) - “ယွင်ကမ်း-ထန်ယောက် လိုဏ်ဂူ ၅ ဂူ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210813211629.jpg

ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၅) - ယွင်ကမ်း-ထန်ယောက် လိုဏ်ဂူ ၅ ဂူ



片长:5分钟(5min)

အကြောင်းအရာမိတ်ဆက်အကျဉ်း


ထန်ယောက် လိုဏ်ဂူ ၅ ဂူသည် ယွင်ကမ်းဒေသတွင် အစောဆုံး ထွင်းထုတည်ဆောက်ခဲ့သော အခမ်းနားအထည်ဝါဆုံးလည်းဖြစ်သည့် လိုဏ်ဂူအစုဖြစ်သည်။ ပန်းပုပညာရှင်များ၏ တစ်ဖက်ကမ်းခပ်လောက်သည့် ကျွမ်းကျင်မှု၊ အံ့မခန်းသတ္တိနှင့်ရဲဝံ့မှု၊ ကြီးမားသော အားမာန်စိတ်ဓာတ်တို့သည် သာမန်လူတို့ကို ရင်သပ်ရှုမောအံ့ဩမှု မဖြစ်ပဲမနေနိုင်အောင်ကို ဖြစ်စေပါသည်။ တောင်ကိုအမှီသဟဲပြုပြီး ထွင်းထုတည်ဆောက်ထားသော ဗုဒ္ဓရုပ်ပွားတော်များတွင် တောင်အမြင့်နှင့်အပြိုင်ကိုပင် အမြင့်ရှိသော ရုပ်ပွားတော်အကြီးများ ရှိသကဲ့သို့ စင်တီမီတာအနည်းငယ်မျှသာရှိသော ရုပ်ပွားတော်အသေးများလည်းရှိသည်။ ဗုဒ္ဓရုပ်ပွားတော်များ၏ မျက်နှာအမူအရာများသည် တစ်မျိုးစီကွဲပြားပြီး ကိုယ်ဟန်ပုံစံများလည်း အမျိုးမျိုးရှိ၍ ယွင်ကမ်းအနုပညာ၏ အနှစ်သာရများပင် ဖြစ်ပေတော့သည်။



ထန်ယောက် လိုဏ်ဂူ ၅ ဂူသည် မြောက်ပိုင်းဝေ့မင်းဆက် အစောပိုင်းအချိန်ကာလ၏ ထူးခြားသည့် ဗုဒ္ဓယဉ်ကျေးမှုကို ထင်ဟပ်နေပြီး ဗုဒ္ဓရုပ်ပွားတော်ကြီး ၅ ဆူသည် ဗုဒ္ဓကို ရည်ညွှန်းကိုယ်စားပြုသည့် တစ်ချိန်တည်းမှာပင် ဘုရင်တစ်ပါးချင်းစီကိုလည်း ပုံဖော်နေပါသည်။ ထန်ယောက် လိုဏ်ဂူ ၅ ဂူ၏ ထွင်းထုတည်ဆောက်မှုသည် အိန္ဒိယဗုဒ္ဓဘာသာနှင့် မတူညီသည့် “တရုတ်ဗုဒ္ဓဘာသာ”၏ အစကို ဖော်ထုတ်ပြသနေပါသည်။