ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - အရှေ့တိုင်း ရထားသစ်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-29 15:39:16
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
တရုတ်နိုင်ငံမှ ပါဝင်တည်ဆောက်ထားသည့် တူရကီနိုင်ငံ၏ ပထမဆုံး ကျည်ဆန်ရထားသည် တရုတ်နိုင်ငံအနေဖြင့် ပြည်ပတွင် တာဝန်ယူတည်ဆောက်ခဲ့သော ပထမဆုံးစီမံကိန်း ဖြစ်ပေသည်။ အရည်အသွေးမြင့်မားကာ စျေးနှုန်းချိုသာသော ရထားလမ်းဆက်သွယ်ရေး နည်းပညာရှိသည့် CRRC Corp., Ltd. သည် အရည်အသွေး မြင့်မားကောင်းမွန်သော “ဝယ်ယူပြီးဝန်ဆောင်မှု”ဖြင့် တူရကီစျေးကွက်ကို ဝင်ရောက်ရုံသာမက တစ်ချိန်တည်းမှာပင် ထိုနိုင်ငံတွင်းထုတ်လုပ်နိုင်မှုကိုပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ တူရကီနိုင်ငံအား မိမိတို့၏ ခေတ်ရှေ့ပြေး ရထားလမ်းဆက်သွယ်ရေး နည်းပညာတို့ကို မျှဝေပေးပြီး တူရကီနိုင်ငံရှိ မြို့ပြကြီးများအတွက် ပိုမိုမြန်ဆန်လွယ်ကူကာ သက်တောင့်သက်သာရှိသော ဆက်သွယ်ရေးနည်းလမ်းများကို ထောက်ပံ့ပေးခဲ့ပါသည်။