စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ဟွေလော့ဂိုဒေါင် ကမ္ဗည်းကျောက်စာ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-24 12:27:40


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3) ၏ အပိုင်း(၂) - “ဟွေလော့ဂိုဒေါင် ကမ္ဗည်းကျောက်စာ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210722160322.jpg


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၂) - ဟွေလော့ဂိုဒေါင် ကမ္ဗည်းကျောက်စာ



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


ဟွေလော့ဂိုဒေါင်သည် စွေမင်းဆက်ခေတ်ကာလရှိ မဟာတူးမြောင်းကြီး လမ်းကြောတစ်လျှောက်တွင် တည်ရှိသော တိုင်းပြည်၏ စားနပ်ရိက္ခာဂိုဒေါင်များအနက်မှ တစ်ခုဖြစ်သည်။ ၎င်းဂိုဒေါင်၏ ဖွဲ့စည်းပုံအပြင်အဆင်သည် ကြီးမားကျယ်ဝန်းပြီး ပုံစံဒီဇိုင်းမှာလည်း သိပ္ပံနည်းကျကာ ကောက်ပဲသီးနှံ တစ်စေ့စီတိုင်းတွင် လာရာအရပ်နှင့် သွားရာအရပ် ရှိသည်။ အဆင့်လေး အမှုထမ်း (၁၂) ဦး၏ အမည်များ၊ မြေအောက်ခန်းဂိုဒေါင်နေရာများ၊ ကောက်ပဲသီးနှံအမျိုးအစားများ၊ သိမ်းဆည်းသိုလှောင်သည့်ရက်စွဲ၊ စုစုပေါင်းပမာဏနှင့် ထွက်ရှိရာဒေသတို့ကို ကျောက်ပြားတစ်ချပ်ပေါ်တွင် ရေးထွင်းထားပြီး မြေအောက်ထဲတွင် မြှုပ်နှံသိမ်းဆည်းထားရှိပါသည်။



မြေအောက်နက်ရှိုင်းသည့်နေရာတွင် မြှုပ်နှံသိမ်းဆည်းထားသော ကမ္ဗည်းကျောက်စာချပ်သည် စွေမင်းဆက်ခေတ်ကာလ ဟွေလော့ဂိုဒေါင်တွင် ကောက်ပဲသီးနှံ သိုလှောင်သိမ်းဆည်းခြင်း၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားသည်သာမက လယ်ယာစိုက်ပျိုးရေးခေတ်ကာလရှိ တရုတ်ရှေးလူကြီးဘိုးဘေးများ၏ စားနပ်ရိက္ခာ သိမ်းဆည်းသိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ်တို့အပေါ် အလုံးစုံစီမံခန့်ခွဲထားနိုင်သည့် အမြော်အမြင်ကြီးမားမှုတို့၏ သက်သေသာဓကများလည်း ဖြစ်ပေသည်။