ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - ရိဝူးတွင် တစ်ကမ္ဘာလုံးပစ္စည်းများ ဝယ်ယူခြင်း
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
ယနေ့အကြောင်းအရာတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာလာသော တရုတ်-ဥရောပရထားသည် ၁၉ ရက်ကြာ ခရီးကို မောင်းနှင်ခဲ့ပြီးနောက် နောက်ဆုံးဦးတည်ရာဖြစ်သည့် တရုတ်နိုင်ငံ ရိဝူးမြို့(Yiwu)သို့ ဆိုက်ရောက်လာသော အကြောင်းအရာကို မိတ်ဆက်ဖော်ပြသွားပါမည်။
ရိဝူးမြို့(Yiwu)သည် တစ်ကမ္ဘာလုံးတွင် အကြီးမားဆုံးသော အသေးစားကုန်ပစ္စည်းများ ဖြန့်ဖြူးရေးစင်တာ ဖြစ်သည့်အားလျော်စွာ ကမ္ဘာတစ်ဝှမ်းမှ ကုန်ပစ္စည်းများအား ဤဒေသသို့ ပို့ဆောင်ကြသည်။ လန်ဒန်-ရိဝူးရထား စတင်ပြေးဆွဲခြင်းမှတစ်ဆင့် ဗြိတိန်နိုင်ငံ၏ ကုန်ပစ္စည်းများအား သယ်ဆောင်လာပေးနိုင်ရုံသာမက ရိဝူးမြို့(Yiwu)ရှိ ကုန်သည်များအတွက်လည်း သယ်ယူပို့ဆောင်ရေးနည်းလမ်း ရွေးချယ်မှုအသစ်တစ်ခု ဖြစ်လာစေပါသည်။ ဤဗီဒီယိုတွင် “ရပ်ဝန်းတစ်ခု လမ်းမတစ်ခု” (One Belt One Road) တည်ဆောက်ရေး အမှတ်သင်္ကေတ အောင်မြင်မှုရလဒ်ဖြစ်သည့် တရုတ်-ဥရောပရထားမှ ၎င်းလမ်းကြောင်းပေါ်ရှိ နိုင်ငံများ၏ ပြည်သူများအပေါ် ဖြစ်ထွန်းစေသော ပြောင်းလဲမှုများကို တင်ဆက်ပေးထားပါသည်။