“အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ချိန်းကျိုးမြို့လုံရှင်းဘုရားကျောင်း ဗုဒ္ဓဘာသာဆင်းတုတော်များ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-31 17:12:41


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၃) - “ချိန်းကျိုးမြို့လုံရှင်းဘုရားကျောင်း ဗုဒ္ဓဘာသာဆင်းတုတော်များ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210730134322.jpg


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၃) - ချိန်းကျိုးမြို့လုံရှင်းဘုရားကျောင်း ဗုဒ္ဓဘာသာဆင်းတုတော်များ



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


ချိန်းကျိုးလုံရှင်းဘုရားကျောင်းရှိ ရှေးဟောင်းနေရာတွင် အမျိုးအစား အမျိုးမျိုးရှိသော ဗုဒ္ဓဆင်းတုတော်ပေါင်း (၄၀၀)ကျော်ကို တူးဖော်တွေ့ရှိခဲ့ပါသည်။ ၎င်းတို့အနက်တွင် အကြီးဆုံးဆင်းတုတော်မှာ ဉာဏ်တော်အမြင့် ၃၂၀ စင်တီမီတာရှိပြီး အသေးငယ်ဆုံးမှာ ၂၀ စင်တီမီတာရှိသည်။ ဆင်းတုတော်များအားလုံး၏ ပုံသဏ္ဌာန်မှာ သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှပြီး ကိုယ်နေလက်ဟန်(မုဒြာ)မှာ တစ်မူထူးခြား၍ ထုလုပ်မှုလက်ရာမြောက်လှကာ ဆေးရောင်ခြယ်သထားပြီး ရွှေသင်္ကန်းကပ်ထားပါသည်။



အပြုံးမျက်နှာတော်ဆောင် ဗုဒ္ဓဆင်းတုတော်များ၊ ထည်ဝါကြည်ညိုဖွယ် ဗောဓိသတ်၊ ရုပ်လုံးကြွပေါ်လွင်ဟန်အပြည့်ရှိသော မိုးနတ်ဒေဝတာ၊ သက်ဝင်လှုပ်ရှားမှုရှိသော ဓမ္မပါလနှင့် အရောင်အသွေး ပုံစံအမျိုးအမျိုးရှိသော ကြာပန်းတို့ကို မြင်တွေ့လိုက်ရသည့်အခိုက်တွင် မြင်ရသူတို့အဖို့ ရှေးဟောင်းအရှေ့တိုင်း၏ ဆေးရောင်ခြယ်ပန်းချီ ပန်းပုအနုပညာများနှင့်တကွ လျှို့ဝှက်ဆန်းကြယ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့၏ အာရုံညှို့ယူဖမ်းစားနိုင်မှုအပေါ်  ငြင်းဆန်နိုင်မည့်သူ မရှိနိုင်လောက်အောင်ကိုပင် ဆွဲဆောင်မှု ဖြစ်နေစေပါသည်။