စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “မြစ်ဝါမြစ် သံမဏိနွား”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-17 17:00:23


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၁) – “မြစ်ဝါမြစ် သံမဏိနွား” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ 


WeChat Image_20210716134008.jpg


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)

အပိုင်း (၁) - မြစ်ဝါမြစ် သံမဏိနွား



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


မြစ်ဝါမြစ် ရှေးယခင်မြစ်ကြောင်း၏ ရေစီးမှုသည် အလွန်မြန်ဆန်အားကောင်းလှပေသည်။ ဗောတံတားအား လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုလုပ်ဆောင်ရာတွင် တည်ငြိမ်ခိုင်ခံ့မှုရှိစေရန်အလို့ငှာ ထန်မင်းဆက်ခေတ်ကာလမှ ဆောက်လုပ်ရေးပညာရှင်တို့သည် ဉာဏ်ပညာကို အသုံးချ၍ သံမဏိနွား (၈) ကောင်ကို သွန်းလောင်းတည်ဆောက်ခဲ့ကြပါသည်။ သံမဏိနွားတစ်ကောင်ချင်းစီတိုင်း၏ အလေးချိန်သည် တန်ချိန် (၆၀)အထိရှိပြီး တောင်နှင့်မြောက် ကမ်းနှစ်ဖက်တွင် ခွဲ၍ထားရှိကာ သံကြိုးများဖြင့် ချိတ်ဆက်ထားသောကြောင့် တည်ငြိမ်ခိုင်ခံ့သော တံတားဖွဲ့စည်းမှုစနစ် တစ်ခုအသွင် ဖြစ်ပေါ်စေပါသည်။



တူးဖော်တွေ့ရှိခဲ့ရသော သံမဏိနွားလေးကောင်မှာ ငွားငွားစွင့်စွင့်နှင့် အားမာန်ပြည့်ဖြိုး၍ ခံညားထည်ဝါ ဂုဏ်ရှိန်ဝင့်ထည်လှပေသည်။ သံမဏိနွားတစ်ကောင်ချင်းစီ၏ ဘေးဘက်တွင် သံမဏိလူရုပ်တု တစ်ခုစီရှိပြီး ပုံသဏ္ဌာန်လက်ရာမြောက်လှပ၍ အသက်ဝင်လှပါသည်။ ၎င်းတို့သည် နည်းပညာနှင့် အနုပညာတို့ကို စနစ်တကျ ပေါင်းစပ်ဖန်တီးထားသော လက်တွေ့အသုံးဝင်သည့် အနုပညာလက်ရာမြောက် ရတနာတစ်ပါးဖြစ်ပြီး တရုတ်ပြည်သူတို့မှ ကမ္ဘာပေါ်ရှိ တံတားများ၊ သတ္တုဗေဒနှင့် ပန်းပုပညာရပ်များအတွက် ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့မှုပင် ဖြစ်သည်။