ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - ကုန်လွှဲပြောင်းခြင်း
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
ယနေ့အကြောင်းအရာတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ တရုတ်နိုင်ငံ ရိဝူး(Yiwu)မြို့သို့ ပထမဆုံးအကြိမ်အဖြစ် ပြေးဆွဲမည့် တရုတ်-ဥရောပရထားကို တရုတ်နိုင်ငံ အာလာစန်ခို (Alataw Pass)တွင် ရထားလမ်းကြောင်း ပြောင်းလဲပြင်ဆင်ရသော အကြောင်းအရာကို မိတ်ဆက်ဖော်ပြသွားပါမည်။
အာလာစန်ခို (Alataw Pass)သည် တရုတ်နိုင်ငံ၏ အရေးပါသော ကုန်သွယ်ရေးဂိတ် ဖြစ်သည့်အလျောက် ဤနေရာတွင် နှစ်စဉ်နှစ်တိုင်း ထောင်ချီသော နိုင်ငံတကာရထားတွဲများ ပြည်ဝင်ပြည်ထွက် ဖြတ်သန်းလျက် ရှိပါသည်။ ရထားများ ပြည်တွင်းသို့ ဝင်ရောက်ချိန်တွင် တွေ့ကြုံရသော အကြီးမားဆုံးအခက်အခဲသည် ရထားသံလမ်းအကျယ် ပြောင်းလဲမှုပင်ဖြစ်သည်။
လန်ဒန်-ရိဝူးရထားတွဲ၏ ရထားလမ်းကြောင်း ပြောင်းလဲဆောင်ရွက်မှုမှ ပြည်ဝင်ပြည်ထွက်ဂိတ်ရှိ ဝန်ထမ်းများ၏ အလုပ်တွင်ကျယ်မှုနှင့် စေ့စပ်သေချာသော လုပ်ဆောင်မှုများကို ထင်ဟပ်ဖော်ပြနေပြီး ရထား ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရန်အတွက် အာမခံချက် ဖြစ်နေစေပါသည်။