စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “အရောင်ဖျော့ချည်ဝတ်ရုံ”
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (2)၏ အပိုင်း(၁၇) – “အရောင်ဖျော့ချည်ဝတ်ရုံ” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ ယခုအပတ်သည် (၁၇)ကြိမ်မြောက်အပတ် ဖြစ်ပါသည်။
ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။
မှတ်တမ်းရုပ်ရှင်
အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 2)
အပိုင်း (၁၇) - အရောင်ဖျော့ချည်ဝတ်ရုံ
ကြာချိန် - (၅) မိနစ်
အကြောင်းအရာမိတ်ဆက်အကျဉ်း
အရှည်(၁)မီတာကျော်ရှိသော အဝတ်တစ်ထည်၏ အလေးချိန်မှာ (၅၀)ဂရမ်ပင် မပြည့်ပေ။ ဆယ်ထပ်ခေါက်၍ သတင်းစာပေါ်၌ တင်ထားလျှင်ပင် သတင်းစာပေါ်က စာလုံးနှင့် ရုပ်ပုံများကို ရှင်းလင်းစွာ မြင်တွေ့နေရဆဲပင် ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကျော်ကာလ ရှီးဟန်ခေတ်အခါ၏ အထွတ်အထိပ် ရက်ကန်းနည်းပညာလက်ရာဖြစ်သည့် အရောင်ဖျော့ချည်ဝတ်ရုံပင် ဖြစ်သည်။
အရောင်ဖျော့ချည်ဝတ်ရုံသည် တည်ရှိမှုသက်တမ်းအစောဆုံး၊ ထိန်းသိမ်းမှုအပြည့်စုံဆုံး၊ ချုပ်လုပ်သည့် နည်းပညာလက်ရာ အမြောက်ဆုံးနှင့် အပါးလွှာ အပေါ့ပါးဆုံးသော အဖိုးတန်အထည်ဖြစ်ပြီး ရှေးခေတ်တရုတ်နိုင်ငံ၏ ပိုးထည်ရက်လုပ်မှုသမိုင်း၊ အဝတ်တန်ဆာသမိုင်းနှင့် သိပ္ပံနည်းပညာတိုးတက်မှုသမိုင်းတို့တွင် အလွန်အရေးပါအရာရောက်သော နေရာအဖြစ် ရပ်တည်နေပါသည်။