ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - စထွက်စို့ ရထားကြီး
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-08 13:34:50
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
ယနေ့အကြောင်းအရာတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ တရုတ်နိုင်ငံ ရိဝူး(Yiwu)မြို့သို့ ပထမဆုံးအကြိမ်အဖြစ် ပြေးဆွဲမည့် တရုတ်-ဥရောပရထားအကြောင်းကို မိတ်ဆက်ဖော်ပြသွားပါမည်။ ဤရထားတွဲသည် ဝေးလံလှသော လန်ဒန်မြို့မှ ရိဝူးမြို့သို့ ရောက်ရှိရန် လမ်းခရီးတွင် ဥရောပနှင့် အာရှရှိ နိုင်ငံပေါင်း (၉)နိုင်ငံကို ဖြတ်ကျော်ရပြီး ကီလိုမီတာ ၁၂၀၀၀ ခရီးအကွာအဝေးကို ဖြတ်သန်းကာ ခရီးစဉ်တစ်လျှောက် ရထားလမ်းကြောင်း နှစ်ကြိမ်ပြောင်း၍ မောင်းနှင်ခဲ့ရသည်။ “ဗြိတိန်ထုတ်ကုန်”များကို တင်ဆောင်လာသော ဤတရုတ်-ဥရောပရထားကြီးသည် တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြားရှိ ကုန်သွယ်ရေးကို ဆက်သွယ်ပေးထားပြီး နိုင်ငံတကာ ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးနည်းလမ်းများအတွက် စာမျက်နှာသစ်တစ်ခု ဖြစ်လာပေသည်။