စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “ချန်ရှင့် နန်းဆောင်မီးအိမ်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-07-03 11:31:54


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (2)၏ အပိုင်း(၁၆) – “ချန်ရှင့် နန်းဆောင်မီးအိမ်” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ ယခုအပတ်သည် (၁၆)ကြိမ်မြောက်အပတ် ဖြစ်ပါသည်။


WeChat Image_20210703093351.jpg


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 2)

အပိုင်း (၁၆) - ချန်ရှင့် နန်းဆောင်မီးအိမ်



ကြာချိန် - (၅) မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


ချန်ရှင့် နန်းဆောင်မီးအိမ်သည် ဟန်မင်းဆက်ခေတ်က ရွှေရည်သုတ် ကြေးညိုထည်ပစ္စည်းဖြစ်ပြီး ၎င်း၏ပုံစံမှာ နန်းတွင်းသူတစ်ဦးက ဒူးထောက်ထိုင်၍ မီးအိမ်ကို ကိုင်ထားသည့် သဏ္ဌာန်ဖြစ်သည်။ မီးအိမ်၏ အစိတ်အပိုင်းများကို သီးခြားစီ သွန်းလောင်းပြုလုပ်ထားသဖြင့် အချိန်မရွေး တစ်ခုချင်းစီ ဖြုတ်နိုင်ပြီး ပေါင်းစည်းတပ်ဆင်လိုက်သည့်အခါ စင်းလုံးချော ပြီးပြည့်စုံသည့် ပစ္စည်းအလုံးအထည်တစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာပါသည်။


fb3476762eb144b788d86bf31ee7193e.jpg


ချန်ရှင့် နန်းဆောင်မီးအိမ်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအယူအဆသည် ရှေးခေတ် တရုတ်ပြည်သူတို့၏ ဉာဏ်ပညာထက်မြတ်မှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ မီးအိမ်၏ မှိတ်တုတ်မှိတ်တုတ် မီးအလင်းကိုသာ မြင်တွေ့ရပြီး မီးခိုးငွေ့ပျံ့ထွက်လာခြင်းကို မတွေ့ရှိရသဖြင့် အသုံးတည့်၍ လှပသော အဖိုးတန်မီးအိမ်တစ်လုံးပင် ဖြစ်ပေတော့သည်။