ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းနှင့်တံတား
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
ယနေ့အကြောင်းအရာတွင် တရုတ်လမ်းတံတားဆောက်လုပ်ရေးကုမ္ပဏီလီမိတက်(CRBC)မှ ကမ္ဘောဒီးယားနိုင်ငံ၌ ဖောက်လုပ်တည်ဆောက်ထားသည့် မြို့တော်မနွမ်းပင်မြို့မှ အန်ကောဝပ်အထိ လမ်းပေါက်သော ခရီးသွားစီးပွားရေး၏ အသက်သွေးကြောဖြစ်သည့် အမှတ်(၇၆)လမ်းမ၊ ဖနွမ်းပင်မြို့ကို သွယ်ဆက်ထားသော Chroy Changvar တံတား၊ Kaoh Thum ဒေသမှ Bassac မြစ်ကို ဖြတ်ကျော်ဆောက်လုပ်ထားသော တံတားများအကြောင်းကို မိတ်ဆက်ဖော်ပြသွားပါမည်။ ၎င်းလမ်းနှင့်တံတား တည်ဆောက်မှုများသည် မြေမြှုပ်မိုင်းများကို ရှာဖွေရှင်းလင်းပေးရုံမျှမက ဒေသခရီးသွားလာခြင်းနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကို ပိုမိုအဆင်ပြေချောမွေ့စေပါသည်။ ထို့အပြင် ဒေသခံများအတွက် များစွာသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဒေသခံပြည်သူများ၏ သွားလာရေးအတွက် များစွာအဆင်ပြေစေပါသည်။