တရုတ်ကွန်မြူနစ်ပါတီထူထောင်ခြင်း နှစ်(၁၀၀)ပြည့် ဂုဏ်ပြုခြင်းအထိမ်းအမှတ် - ရုပ်သံမှတ်တမ်းတို “ရှာဖွေခံစား တရုတ်အံ့ဖွယ်ရာများ” (အပိုင်း-၁၊ ၂)
ဗီဒီယိုနှင့်ဓာတ်ပုံကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
ရှာဖွေခံစား တရုတ်အံ့ဖွယ်ရာများ (အပိုင်း-၁)
သြစတြေးလျရှိ The University of Melbourne မှ ကျောင်းသူ Ehlana Tompsett နှင့် Swinburne University of Technology မှ ကျောင်းသား Louis Pereira တို့က အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ထားပြီး “တရုတ်နိုင်ငံ၏ တံခါးဖွင့်မူဝါဒ ကျင့်သုံးခြင်းနှင့် နိုင်ငံရေးစနစ်များ အဘယ်ကြောင့် အောင်မြင်ရသနည်း” ဟူသော မေးခွန်းနှင့် ပတ်သက်၍ ဟားဗတ်တက္ကသိုလ် တရုတ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ William Kirby ၊ နယူးဇီလန် အလုပ်သမားပါတီ ဥက္ကဋ္ဌ Nigel Haworth ၊ တောင်အာဖရိက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ Lechesa Tsenoli အစရှိသည့် နိုင်ငံတကာမှ နိုင်ငံရေးအထင်ကရပုဂ္ဂိုလ်များနှင့် ပြည်ပမှ နာမည်ကျော်ပညာရှင်များကို အင်တာဗျူးအမေးအဖြေလုပ်ကာ တရုတ်နိုင်ငံ၏ တည်ငြိမ်ခိုင်မာစွာ ရှေ့သို့လှမ်းချီနေပြီး သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်စေသည့် “စကားဝှက်”ကို စူးစမ်းလေ့လာ အဖြေရှာခဲ့ကြသည်။