စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “နတ်သတ္တဝါလေးကောင်ပုံပါ ကျောက်စိမ်းတံခါးလက်ကိုင်”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:48:30


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်” တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော် (Season 2) အပိုင်း(၁၃)၊ နတ်သတ္တဝါလေးကောင်ပုံပါ ကျောက်စိမ်းတံခါးလက်ကိုင်” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ ယခုအပတ်သည် (၁၃)ကြိမ်မြောက်အပတ် ဖြစ်ပါသည်။


图片


ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။


မှတ်တမ်းရုပ်ရှင်


“အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်”(Season 2)

အပိုင်း (၁၃) “နတ်သတ္တဝါလေးကောင်ပုံပါ ကျောက်စိမ်းတံခါးလက်ကိုင်”



ကြာချိန် - ၅ မိနစ်


အကြောင်းအရာမိတ်ဆက်အကျဉ်း


တံခါးလက်ကိုင်သည် ရှေးခေတ်တရုတ်နိုင်ငံ၏ တံခါးလက်ကိုင်ကွင်းတပ်ဆင်နိုင်သည့် သတ္တဝါဦးခေါင်း၏ အောက်ခြေဖြစ်သည်။ တံခါးလက်ကိုင်ကွင်းနှင့် အတူတွဲပြီး အသုံးဝင်မှုအရဆိုလျှင် တံခါးခေါက်ရန်အတွက် အသုံးပြုသည်။


နတ်သတ္တဝါလေးကောင်ပုံစံသည် တရုတ်ရိုးရာအလှဆင်ဒီဇိုင်းပုံစံဖြစ်သည်။ မြင့်မြတ်သောနဂါး၊ ကြမ်းတမ်းခက်ထန်သောကျား၊ မင်္ဂလာရှိသောနတ်ဌက်နှင့် လိပ်နှင့်မြွေပေါင်းစပ်ထားသည့်သတ္တဝါတို့ပါဝင်ပြီး အရပ်လေးမျက်နှာ၏ သင်္ကေတသဖွယ် ဖြစ်ပြီး စောင့်ရှောက်သူများဖြစ်ကြသည်။


图片


ဟန်မင်းဆက်ဝူဧကရာဇ်၏ ဂူဗိမာန်ဝင်းအတွင်းမှ တူးဖော်ရရှိသည့် နတ်သတ္တဝါလေးကောင်ပုံပါ ကျောက်စိမ်းတံခါးလက်ကိုင်သည် ယနေ့အထိ တွေ့ရှိရသမျှ ဟန်ခေတ်ကျောက်စိမ်းထည်ပစ္စည်းများထဲတွင် အသေသပ်အလှပဆုံး ပစ္စည်းတစ်ခုဖြစ်သည်။ တံခါးလက်ကိုင်တစ်ခုလုံး၏ ပုံသဏ္ဌာန်သည် ခံ့ညားတည်ငြိမ်၍ အသက်ဝင်လှပြီး ဂူဗိမာန်အဆောက်အဦဆိုင်ရာ ဗိသုကာအလှဆင်ခြင်း၏ ကိုယ်စားပြုလက်ရာပင် ဖြစ်ပေတော့သည်။