တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် ကျန်းမာသန်စွမ်း တရုတ်ပြည်တစ်ဝှမ်း - တရုတ်တိုင်းရင်းဆေးပညာယဉ်ကျေးမှု သင်ကြားပို့ချမှု (အပိုင်း ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-06-17 17:28:57


WeChat Image_20210617140234.jpg


ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။



အနှစ်ချုပ်မိတ်ဆက်


တရုတ်တိုင်းရင်းဆေးပညာယဉ်ကျေးမှုသည် အလွန်တရာမှ ကျယ်ပြန့်နက်နဲပြီး သမိုင်းကြောင်း ရှည်ကြာနေပြီ ဖြစ်သည်။ တရုတ်တိုင်းရင်းဆေးပညာအရ သတ်မှတ်ထားသော အကြောအချက်အချာနေရာကို နှိပ်နယ်ပေးခြင်းသည် ၎င်း၏ အရေးပါသော အစိတ်အပိုင်းကဏ္ဍဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရန် လွယ်ကူကာ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်း ကြံ့ခိုင်စေပါသည်။


WeChat Image_20210617140246.jpg



တရုတ်တိုင်းရင်းဆေးပညာနည်းအရ  နှိပ်နယ်ခြင်းနှင့် ကျန်းမာ‌ရေး - ကောင်းမွန်စွာ အိပ်စက်စေနိုင်သည်


"ကျန်းမာသန်စွမ်း တရုတ်ပြည်တစ်ဝှမ်း - တရုတ်တိုင်းရင်းဆေးပညာယဉ်ကျေးမှု သင်ကြားပို့ချမှု" အပိုင်းတွဲ ဗီဒီယိုတွင် ယခုခေတ်လူများ၏ အလုပ်နှင့် ဘဝနေထိုင်မှုပုံစံများတွင် တွေ့ရများသော ကျန်းမာ‌ရေးပြဿနာများအပေါ် အဓိကထားပြီး ကောင်းမွန်စွာ အိပ်စက်နိုင်‌ရေးအတွက် အထောက်အကူပြုရန်၊ ပခုံးနှင့် လည်ဂုတ်အတွက်၊ ပင်ပန်းနွမ်းနွယ်မှုကို ပြေလျော့စေရန်၊ လေ့ကျင့်ခန်း အကြောဖြေလျှော့မှုနှင့် မျက်လုံး ကျန်းမာရေး အစရှိသည်တို့အတွက် အစွမ်းထက်အသုံးဝင်သည့် တရုတ်တိုင်းရင်းဆေးပညာအရ သတ်မှတ်ထားသည့် အကြောအချက်အချာနေရာများနှင့် သက်ဆိုင်သော ဗဟုသုတပညာနှင့်  နှိပ်နယ်ခြင်းပုံစံ သင်ကြားမှုများကို မိတ်ဆက်ပေးထားပါသည်။ လွယ်ကူရိုးရှင်းပြီး လက်တွေ့ကျ၍ ထိရောက်မှုရှိသော ဗီဒီယိုအတို သင်ကြားမှုပုံစံဖြင့် တရုတ်တိုင်းရင်းဆေးပညာယဉ်ကျေးမှုနှင့်  လက်တွေ့ကျအသုံးဝင်သော နှိပ်နယ်ခြင်းအတတ်ပညာကို သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။


WeChat Image_20210617140257.jpg



တရုတ်တိုင်းရင်းဆေးပညာနည်းအရ  နှိပ်နယ်ခြင်းနှင့် ကျန်းမာ‌ရေး - ပခုံးနှင့် လည်ဂုတ်