တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် တရုတ်အရသာ - ရှင်းကျန်းစားကောင်းသောက်ဖွယ်ခရီးစဉ်ကဏ္ဍတွဲ ရုပ်သံမှတ်တမ်း (အပိုင်း - ၁)
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ (Network of International Culturalink Entities (NICE) )မှ ပံ့ပိုးကူညီထားပါသည်။
“တရုတ်အရသာ - ရှင်းကျန်းစားကောင်းသောက်ဖွယ်ခရီးစဉ်” ကဏ္ဍတွဲ ရုပ်သံမှတ်တမ်းတွင် စားကောင်းသောက်ဖွယ်များကို အကြောင်းခံ၍ ရှင်းကျန်း(Xinjiang)၏ မတူညီသော နယ်ပယ်ဒေသနှင့် မြို့များ၏ တမူထူးခြားသည့် ဓလေ့စရိုက်များနှင့် သဘာဝရှုမြင်ကွင်းများကို ဖော်ပြတင်ဆက်ကာ စစ်မှန်သော လူမှုသွင်ပြင်လက္ခဏာနှင့် ဘဝအလှရသတို့ကို ပေးပို့ဝေမျှသွားမည် ဖြစ်ပါသည်။
ကက်(ရှ်)ဂါ (Kashgar) - ညဈေးတန်းမုန့်ပဲသရေစာ
ကက်(ရှ်)ဂါ(Kashgar)သည် ရှင်းကျန်း(Xinjiang) ထျန်းဆန်းတောင် တောင်ဘက်ပိုင်း ဝေဂါ(Uygur)တိုင်းရင်းသားဓလေ့ရိုးရာ အကျဆုံးသော မြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှုများစွာ ပေါင်းစည်းရောနှောရာမှ ဖြစ်တည်လာသော တမူထူးခြားသည့် ဓလေ့မူဟန်များကို လက်ဆင့်ကမ်း ထိန်းသိမ်းထားရှိလျက်ရှိသည်။ ကက်(ရှ်)ဂါ(Kashgar)မြို့ ညဈေးတန်းသည် ရွေ့လျားနေသည့် စားတော်ပွဲကြီးအလားပင် ဖြစ်သည်။ ဤနေရာတွင် များပြားစုံလင်လှသော မုန့်ပဲသရေစာများ၊ လှုပ်ရှားသွားလာနေကြသော လူအုပ်များဖြင့် နွေးထွေးမှုရှိသည့် လူနေမှုဘဝကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်ယုံကြည်မှု အငွေ့အသက်များ စုစည်းတည်ရှိ၍နေပါသည်။
တာပန် (Turpan) - မုန့်ဝိုင်းပြား
တာပန်(Turpan)မြို့သည် တရုတ်နိုင်ငံ၏ အပူဆုံးနေရာဖြစ်ပြီး ရှေးဟောင်းပိုးလမ်းမကြီး၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည်။ တာပန်(Turpan)မြို့ စပျစ်ချိုင့်ဝှမ်းရှိ စပျစ်စင်အောက်၌ ထိုင်လျက် နို့လက်ဖက်ရည်နှင့် အရသာရှိလတ်ဆတ်သော စပျစ်သီးများကို သုံးဆောင်ရင်း ဖိုထဲမှ လတ်လတ်ဆတ်ဆတ် ဖုတ်ထွက်လာသော မုန့်ဝိုင်းပြားကို တစ်လုတ်လောက် ကိုက်လိုက်နှင့် အလွန်အရသာရှိလိုက်သည်ပင်။ မုန့်ဝိုင်းပြားသည် ယနေ့ခေတ် တာပန်မြို့ခံများအတွက် အစားအစာတစ်ခုအနေဖြင့်သာမက ခံစားချက်များသိုမှီးရာလည်း ဖြစ်လာခဲ့ပါသည်။
အဲလ်တေ (Altay) - ငါးနှင့်သိုးသားဟင်းချို
အဲလ်တေ(Altay)ဒေသ၏ စားကျက်မြေမှ သိုးများ၊ ဖူဟိုင်(Fuhai)ကောင်တီမှ ငါးများသည် သဘာဝ၏ အရသာများပင် ဖြစ်သည်။ လတ်ဆတ်၍ အရသာရှိသော ငါးနှင့်သိုးသားဟင်းချိုနှင့် ချုပ်ချယ်မှုကင်းမဲ့၍ သဘာဝအတိုင်း လွတ်လပ်သော တိုင်းရင်းသားဓလေ့ရိုးရာတို့သည် အဲလ်တေ(Altay)မြေပြင်ပေါ်တွင် အချင်းချင်း အပြန်အလှန် ပံ့ပိုးမှုပြုကြကာ အဆုံးမဲ့ဆွဲဆောင်မှုကို ထုတ်ဖော်ပြသနေပါတော့သည်။