တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် တောတောင်ရေမြေ အနုပညာအမြင် - တရုတ်နိုင်ငံ ပြောင်မြောက်သော ခရီးသွားအနုပညာဖျော်ဖြေရေးအစီအစဉ်အား ပြည်ပသို့မိတ်ဆက်ခြင်း လှုပ်ရှားမှုပွဲ
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ (Network of International Culturalink Entities (NICE) )မှ ပံ့ပိုးကူညီထားပါသည်။
“တစ်ဖန်ပြန်လည်ရောက်ရှိခြင်း - ဥယျာဉ်များ၏ဥယျာဉ်” ဒစ်ဂျစ်တယ်ယွမ်မင်ယွမ်ဥယျာဉ် မီးရောင်စုံအလင်းတန်းအာရုံခံစားမှုပြပွဲ
ယနေ့ခေတ်အမြင်ရှုထောင့်မှနေ၍ ယဉ်ကျေးမှုကို အနုပညာ၊ သိပ္ပံနည်းပညာတို့နှင့် ပေါင်းစပ်ပြီး ဒစ်ဂျစ်တယ် သမိုင်းယဉ်ကျေးမှုအမွေအနှစ် + ကဏ္ဍစုံမီဒီယာ အချိန်လေဟာပြင်စီးမျောမှု ပုံစံအသစ်ဖြင့် 5G/8K, AI/AR အစရှိသည့် နည်းပညာများမှတစ်ဆင့် ထူးခြားဆန်းကြယ်သော ပြပွဲကြည့်ရှုခံစားမှုကို ဖန်တီး၍ ယွမ်မင်ယွမ်(Yuanmingyuan)ဥယျာဉ်၏ သမိုင်းပင်ကိုသွင်ပြင်ဟန်ကို ပြန်လည်ပုံဖော်ကာ ပျောက်ဆုံးနေသော အလှအပရှုမြင်ကွင်းများကို ဖော်ထုတ်သွားမည် ဖြစ်သည်။
မက်မွန်မြေမှတ်တမ်း
“မက်မွန်မြေမှတ်တမ်း” မြင်ကွင်းအစစ်သရုပ်ဖော်ဖျော်ဖြေမှုသည် သဘာဝဂေဟစနစ်မြင်ကွင်းနှင့် ပေါင်းစပ်ထားပါသည်။ မြစ်ရေစီးကြောင်းကို သွားလာရေးလမ်းကြောင်းအဖြစ် သတ်မှတ်ပြီး ပရိသတ်ကို ရှေးခေတ်လူသားအဖြစ် ပြောင်းလဲ၍ လှေဖြင့် ပန်းချီကားထဲတွင် သွားလာနေစေသည့် စီးဝင်မှုပုံစံဖြင့် ကြည့်ရှုသရုပ်ဖော်မှုသဏ္ဌာန်ကို ဖန်တီးပုံဖော်ထားပါသည်။ ပရိသတ်များအား တရုတ်ရှေးကဗျာသံစဉ်ထဲမှ လှပသက်ဝင်သော တောင်ယာဘဝကို ကိုယ်တိုင်ကိုယ်ကျ ခံစားစေပြီး တရုတ်အလှရသခံစားမှု၏ သဘောသဘာဝ အစစ်အမှန်ကို သိမြင်ခံစားစေကာ နှစ်ရာထောင်ချီကြာလာခဲ့သည့် တရုတ်နိုင်ငံ၏ သာယာလှပသော ကျေးလက်တောရွာများ၊ တရုတ်လူမျိုးများ အမြဲတစေ တမ်းတစွဲလန်းနေသော နှလုံးသားထဲမှ ဇာတိမြေများအကြောင်းကို နားလည်သဘောပေါက်စေပါသည်။
ပိုးလမ်းမတစ်လျှောက်
“ပိုးလမ်းမတစ်လျှောက်” သည် ထူးခြားလှပ၍ သဏ္ဌာန်စုံလင်လှသော တွန်းဟွမ်(Dunhuang)နံရံပန်းချီကို ဖျော်ဖြေရေးစင်မြင့်ထက်သို့ ခေါ်ဆောင်လာခဲ့ပြီး အကအသစ်တစ်မျိုးဖြစ်သည့် “တွန်းဟွမ်(Dunhuang)အက” ကို ဖော်ဆောင်ခဲ့သဖြင့် အနယ်နယ်အရပ်ရပ်မှ ပရိသတ်များ၏ နှစ်သက်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါသည်။
↑↑↑
QR code ကို နှိပ်ပြီး Online Celebration သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။