တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် “သာယာလှပသော ကျေးလက်တောရွာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဗီဒီယိုတင်ဆက်ပြသမှု (အပိုင်း ၁)
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။
ယူနန်ပြည်နယ် ဖူကုန့်(Fugong)ကောင်တီ
ကျေးလက်အလှဟူသည် ကဗျာအလား ပန်းချီအလား သာယာလှပနေသော သဘာဝရှုခင်းအလှများ၊ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသော ရောင်စုံများပြားလှသည့် ရိုးရာဓလေ့များပင် ဖြစ်သည်။ ဤဒေသတွင် ရှေးဟောင်းလက်မှုအတတ်ပညာနှင့် အနုပညာများ၊ အချင်းချင်း ဆင့်ကဲပြောဆိုကြသော ဒဏ္ဍာရီပုံပြင်များ ပျံ့နှံ့နေလျက်ရှိပြီး ရိုးရာတေးဂီတ၊ ပြဇာတ်နှင့် သမိုင်းကြောင်း ကြာရှည်လှသော ကုန်ထုတ်လုပ်မှု၊ ဘဝနေထိုင်မှု ဓလေ့ထုံးစံများ ဖြစ်တည်ဖော်ပြလျက် ရှိနေပါသည်။ ဤဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များတွင် တိုင်းရင်းသားလူမျိုးစုအသီးသီးတို့၏ ယဉ်ကျေးမှုအမှတ်တရများ ပါဝင်နေကာ လူသားမျိုးနွယ်များ အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန် တန်ဖိုးရှိလှသည့် စိတ်ဝိညာဉ်ဇာတိအိမ်ဝန်းမြေပင် ဖြစ်သည်။
တိဗက်ကိုယ်ပိုင်အုပ်ချုပ်အုပ်ခွင့်ရဒေသ
နီမု (Nyêmo)ကောင်တီ
“သာယာလှပသော ကျေးလက်တောရွာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဗီဒီယိုတင်ဆက်ပြသမှု အပိုင်းကဏ္ဍတွင် တရုတ်နိုင်ငံ ဒေသအသီးသီးမှ သာယာလှပသော ကျေးလက်တောရွာများကို လက်ရွေးစင်အဖြစ် ရွေးချယ်ပြီး လက်ဆင့်ကမ်းအမွေဆက်ခံသူနှင့် ထိန်းသိမ်းစောင့်ရှောက်သူတို့၏ အတူတကွ ကြိုးပမ်းအားထုတ်မှုကြောင့် သက်ဝင်လှုပ်ရှားလာသော မျက်မှောက်ခေတ် ဇာတ်ကြောင်းပုံပြင်ကို မိတ်ဆက်ဖော်ပြထားပါသည်။ သာယာလှပသော ကျေးလက်တောရွာများက များသထက်များသော မျက်မှောက်ခေတ် မြို့ပြနေထိုင်သူများ၏ အိပ်မက်ကမ္ဘာထဲက အေးချမ်းသာယာသည့် စိတ်ကူးယဉ်ဌာနေ ဖြစ်လာ၍နေပေတော့သည်။