တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - ပန်ဒါလာပြီ
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
ဂျာမနီနိုင်ငံ ဘာလင်တိရစ္ဆာန်ဥယျာဉ်တွင် တရုတ်နိုင်ငံမှ မုန့်မုန့် (Mengmeng) နှင့် ကျောင်းချင့် (Jiaoqing) ဟု အမည်ရသော ပန်ဒါဝက်ဝံနှစ်ကောင် ရောက်ရှိ၍လာခဲ့ပါသည်။ ထိုပန်ဒါဝက်ဝံလေးများ ရောက်ရှိလာမှုကြောင့် ဘာလင်တိရစ္ဆာန်ဥယျာဉ်သည် ဂျာမနီနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ခရီးသွားများနှင့် ပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက်ရှိနေပါသည်။ ထိုခရီးသွားဧည့်သည်များ၏ ဘုံရည်ရွယ်ချက်မှာ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံများ၏ ဟန်အမူအရာတို့ကို လေ့လာရှုစားရန်ပင် ဖြစ်သည်။
လူတို့သည် ပန်ဒါဝက်ဝံများကို အလွန်နှစ်သက်ကြပြီး ပန်ဒါဝက်ဝံများအား မြင်တွေ့ကြည့်ရှုလိုသောစိတ် အလွန်ပြင်းပြလျက်ရှိကြသည်။ ရေမြေရပ်ခြား တိုင်းတစ်ပါးသို့ သွားရောက်၍ နေထိုင်ကြသော တရုတ်ပန်ဒါဝက်ဝံများသည် ပရိသတ်အားပေးမှုများစွာကို သိမ်းပိုက်ရယူထားသော ဆယ်လီတိရစ္ဆာန်လေးများဖြစ်ရုံသာမက တရုတ်နိုင်ငံအကြောင်းကိုလည်း များသထက်များသောလူများအား ပိုမိုနားလည်သိရှိစေသောကြောင့် တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံအသီးသီးတို့အကြားရှိ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်သော အမှတ်သင်္ကေတများ ဖြစ်လာကြသည်။