တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် လှပသော တရုတ်နိုင်ငံ - ရေခဲဆီးနှင်းခရီးသွားခြင်းကဏ္ဍတွဲ ဗီဒီယိုအတိုတင်ဆက်ခြင်း (အပိုင်း - ၂)
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ (Network of International Culturalink Entities (NICE) )မှ ပံ့ပိုးကူညီထားပါသည်။
ကောင်းမွန်ဒေသ ရှင်းကျန်းအလှ
“လှပသော တရုတ်နိုင်ငံ - ရေခဲဆီးနှင်းခရီးသွားခြင်း” ကဏ္ဍတွဲတွင် ဗီဒီယိုအတိုဖြင့် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲနှင့် တရုတ်နိုင်ငံမြောက်ပိုင်း ရေခဲဆီးနှင်း ခရီးသွားအရင်းအမြစ်များကို အဓိကထားတင်ဆက်၍ ရှင်းကျန်း (Xinjiang)၊ ဆန်းတုန်း (Shandong)၊ ဟေးလုံကျန်း (Heilongjiang)တို့၏ ဆောင်းရာသီ သဘာဝရှုမျှော်ခင်းများ၊ ရိုးရာအလေ့အထနှင့် ရေခဲဆီးနှင်း အားကစားလှုပ်ရှားမှုများကို မိတ်ဆက်ကာ အရောင်အသွေးစုံလင်လှသော တရုတ်နိုင်ငံ ရေခဲဆီးနှင်းခရီးသွားရှုမြင်ကွင်းများနှင့် တမူထူးခြားစုံလင်လှသော တရုတ်နိုင်ငံ ရေခဲဆီးနှင်းယဉ်ကျေးမှုများကို အွန်လိုင်းမှ သိရှိခံစားစေမည် ဖြစ်ပါသည်။
ကြည်လင်သန့်စင်သော တောင်ပေါ်ရေကန်များ၊ နိမ့်ချီမြင့်ချီ တစ်ဆက်တည်း သွယ်တန်းလျက်ရှိသော မြေနီတောင်ကမ်းပါးကုန်းမြင့် မြေမျက်နှာသွင်ပြင် (Danxia landform)၊ ခမ်းနားထည်ဝါလှသော တောင်နံရံစုတောင်ငယ် မြေမျက်နှာသွင်ပြင် (Yardang landform) နှင့် အံ့မခန်းဖြစ်ဖွယ် ဆောင်းရာသီငါးဖမ်းခြင်းလှုပ်ရှားမှုများ အစရှိသည်တို့သည် ရှင်းကျန်း(Xinjiang)၏ ထူးခြားကွဲပြားသည့် ရေခဲဆီးနှင်းရှုမြင်ကွင်းနှင့် တမူထူးခြားသည့် ရိုးရာအလေ့အထများကို ပုံဖော်ပေးလျက်ရှိပါသည်။
ဆန်းတုန်းပျူငှာစိတ်ထား
ဖော်ရွေကြိုဆိုအသင့်အား
လှပသော သဘာဝရှုမြင်ကွင်းများ၊ စုံလင်သော သမိုင်းဝင်ယဉ်ကျေးမှုများနှင့် ထင်ရှားသော ဒေသအထင်ကရများ ရောနှောပေါင်းစပ်ရာမှ ဆန်းတုံး(Shandong)၏ တမူထူးခြားသောမူဟန် ဖြစ်ပေါ်လာပါသည်။
မြောက်ပိုင်းရှုခင်းအလှ
ဟေးလုံကျန်းတွင်သပ
တစ်ပြင်လုံး ငွေနှင်းရောင်ဖုံးလွှမ်းနေသော ကျယ်ပြောလှသည့် ဆီးနှင်းပြင်ကြီးအပြင် ဟားအယ်ပင်း(Harbin)ရေခဲဆီးနှင်းကမ္ဘာနှင့် ကမ္ဘာ့အကြီးဆုံး ဆီးနှင်းပန်းပုအနုပညာအစုအဝေးဖြစ်သော ဟားအယ်ပင်း(Harbin) ထိုက်ရန်ကျွန်းဆီးနှင်းပွဲတော်စသည့် ရေခဲဆီးနှင်းရှုစားခြင်းကို ထိပ်တန်းအဆင့်မီဖြစ်အောင် ပြုလုပ်ထားသည်များလည်း ရှိသည်။ မြောက်ပိုင်းရှုခင်းအလှ ဟေးလုံကျန်းတွင်သပ။