တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် လှပသော တရုတ်နိုင်ငံ - ရေခဲဆီးနှင်းခရီးသွားခြင်းကဏ္ဍတွဲ ဗီဒီယိုအတိုတင်ဆက်ခြင်း (အပိုင်း - ၁)
ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ (Network of International Culturalink Entities (NICE) )မှ ပံ့ပိုးကူညီထားပါသည်။
ကျီလင် (Jilin)
အိပ်မက်ကမ္ဘာ အာဆန် (Arxan)
“လှပသော တရုတ်နိုင်ငံ - ရေခဲဆီးနှင်းခရီးသွားခြင်း” ကဏ္ဍတွဲတွင် ဗီဒီယိုအတိုဖြင့် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲနှင့် တရုတ်နိုင်ငံမြောက်ပိုင်း ရေခဲဆီးနှင်း ခရီးသွားအရင်းအမြစ်များကို အဓိကထားတင်ဆက်၍ ကျီလင်(Jilin)၊ အတွင်းမွန်ဂိုးလီးယားတို့၏ ဆောင်းရာသီ သဘာဝရှုမျှော်ခင်းများ၊ ရိုးရာအလေ့အထနှင့် ရေခဲဆီးနှင်း အားကစားလှုပ်ရှားမှုများကို မိတ်ဆက်ကာ အရောင်အသွေးစုံလင်လှသော တရုတ်နိုင်ငံ ရေခဲဆီးနှင်းခရီးသွားရှုမြင်ကွင်းများနှင့် တမူထူးခြားစုံလင်လှသော တရုတ်နိုင်ငံ ရေခဲဆီးနှင်းယဉ်ကျေးမှုများကို အွန်လိုင်းမှ သိရှိခံစားစေမည် ဖြစ်ပါသည်။
ကျီလင်(Jilin)ပြည်နယ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၏ အလယ်ပိုင်းတွင် တည်ရှိပါသည်။ ဆီးနှင်းနှင့် နှင်းခဲများသည် ဆောင်းရာသီ၏ အလှပဆုံး ရှုခင်းဖြစ်သည်။ နှင်းခဲများသည် ထည်ဝါလှပ၍ နှင်းစုပုံချိန် ကြာမြင့်ပြီး ပမာဏများပြားကာ နူးညံ့လှသောကြောင့် နှင်းလျှောစီးအားကစား ပြုလုပ်ရန် အထူးသင့်လျော်လှသည်။
အာဆန်(Arxan)မြို့သည် အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပါသည်။ သစ်တောနှင့် မြက်ခင်းလွင်ပြင်များ ပတ်ဝိုင်းနေပြီး ရေခဲဆီးနှင်းနှင့် ရေပူစမ်းများ ရှိသည်။ ဆီးနှင်းပြင်မော်တော်စီးခြင်း၊ မြင်းဆွဲစွတ်ဖားစီးခြင်း အစရှိသည့် စိတ်ဝင်စားဖွယ် ရေခဲဆီးနှင်းအားကစားများသည် အာဆန်(Arxan)၏ ဆောင်းရာသီကို စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်စေပါသည်။