လှုပ်ရှားမှုပွဲ ကြိုတင်အသိပေးချက် - ၂၀၂၁ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပြီး အွန်လိုင်းCloud ပုံစံဖြင့် “သာယာလှပသော တရုတ်နိုင်ငံ”အား ခံစားကြည့်ရှုနိုင်ရန် အသင့်အား ဖိတ်ခေါ်အပ်ပါသည်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-06-07 15:16:41


WeChat Image_20210607095300.jpg



၂၀၂၁ ခုနှစ် တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် trailer


၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ဆက်ဆံရေးစင်တာတို့ အတူတကွပူးပေါင်းပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Account ၊ Facebook Page နှင့် Official Website အစရှိသည့် မီဒီယာပလက်ဖောင်းတို့တွင် “သာယာလှပသော တရုတ်နိုင်ငံ” ခေါင်းစဉ်ဖြင့် ကျင်းပသော ၂၀၂၁ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” အွန်လိုင်းလှုပ်ရှားမှုပွဲကို တစ်ပြိုင်နက်တည်း တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။ အမှတ်တံဆိပ်ဖြစ်သည့် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကို ဆက်လက်အသုံးပြုသွားမည် ဖြစ်သော်လည်း ယခုနှစ်၏ အွန်လိုင်းလှုပ်ရှားမှုပွဲသည် (၃)ပတ်တာအချိန် ကြာမြင့်မည် ဖြစ်ပါသည်။ ယခုအကြိမ်တွင် “ဒြပ်မဲ့ယဉ်ကျေးမှုနှင့် သာယာလှပသော ကျေးလက်တောရွာ တည်ဆောက်ခြင်း”၊ “‌ရေခဲဆီးနှင်းခရီးသွားခြင်း”၊ “အစားအ‌သောက်ယဉ်ကျေးမှု”၊ “ပိုးလမ်းမရုပ်သံမှတ်တမ်းတို” ဟူ၍ ကဏ္ဍ(၄)ခု ပါဝင်ပြီး ဇာတ်လမ်းတိုပြသခြင်း၊ ရုပ်သံတို အင်တာနက်သင်ခန်းစာ၊ အပြန်အလှန်ဖလှယ်ခြင်း အစရှိသည့် အွန်လိုင်းအသွင်ပုံစံမျိုးစုံဖြင့် မြန်မာပရိသတ်များအတွက် တရုတ်နိုင်ငံ၏ အကြောင်းအရာပုံပြင်ကို ပြောပြပြီး ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို မိတ်ဆက်ကာ တရုတ်နိုင်ငံ၏ နေရာဒေသ အမျိုးမျိုးအလိုက် မတူညီကွဲပြားသော ရင်သက်ရှုမောဖွယ် သဘာဝရှုခင်းအလှများ၊ အရောင်အသွေး စုံလင်များပြားလှသော လူမှုယဉ်ကျေးမှုများနှင့် ပြည်သူပြည်သားများ အေးချမ်းသာယာပြီး တိုင်းပြည် စည်ပင်ဝပြောနေမှု အခြေအနေများကို တင်ဆက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။


ရှုမောဖွယ် ပွဲကြိုတင်မိတ်ဆက်ချက်အချို့


93b0620caf72381638025f3772617ca2.jpg

81582e510ea58be2fc5d2d17a34ec875.jpg



လှုပ်ရှားမှုပွဲ အသေးစိတ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Official Website (https://www.yangonchinaculture.org.mm/) နှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများ(https://www.facebook.com/cccyangon/)မှ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ကျွန်မတို့နှင့်အတူ အွန်လိုင်းပေါ်မှတစ်ဆင့် အဝေးအရပ်မှ ရှုမျှော်ခင်းအလှများကို ရှုစားရင်း တရုတ်ယဉ်ကျေးမှုကို ခံစားကြည့်ကြရအောင်လားရှင့်။