တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် ယူနန်မြေထည်ပညာ - ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပိုင်းဆိုင်ရာ သင်ကြားပို့ချမှု (အပိုင်း ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-06-09 13:35:39


978dc41cb31488e0aca180ee0a050a83.jpg


ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။



ရုပ်သံတို


တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်၏ ရှုခင်းများသည် ပန်းချီကားချပ်အလား သာယာလှပပြီး မြေထည်ပြုလုပ်သည့်သမိုင်းကြောင်း ကြာရှည်နေပြီဖြစ်ကာ မြေထည်အနုပညာနှင့် အတတ်ပညာသည် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပေါင်းများစွာ ရှိပေသည်။ ဟုန်ဟဲ(honghe)ရှိ ကျန့်ဆွေခရမ်းရောင်မြေထည်၊ ရှန်ဂရီလာ (Shangri-La)ရှိ နီရှီးအနက်ရောင်မြေထည်၊ ဆစ်ဆောင်ပန်းနား (Xishuangbanna)ရှိ တိုင်လူမျိုးတို့၏ ရိုးရာလက်လှည့်လုပ်မြေထည်၊ ယွိရှီး(Yuxi)ရှိ အဖြူရောင်အောက်ခံနှင့် အပြာရောင်ပန်းအဆင်တို့ တွဲဖက်မြေထည်၊ လိကျန်း(Lijiang) ရှေ့ဟောင်းမြို့ရှိ ကျင်းစား(Jinsha)မြေထည်များ အစရှိသည့်...... ကြွယ်ဝသော သဘာ၀သယံဇာတများနှင့် များပြားစုံလင်လှသော တိုင်းရင်းသားယဉ်ကျေးမှုတို့ ပေါင်းစပ်ခြင်းမှ တောက်ပသော ရိုးရာလက်မှုအနုပညာနှင့် အတတ်ပညာများ ပေါ်ထွန်းလာခဲ့ပြီး နှစ်ပေါင်းထောင်ချီကြာ လက်ဆင့်ကမ်းလာခဲ့ရုံသာမက ယခုအချိန်တွင် ပို၍ပင် အဖိုးတန် သက်ဝင်လှုပ်ရှားနေပေသည်။




ကျန့်ဆွေခရမ်းရောင်မြေထည်


အတတ်ပညာကို ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီး(၄)ပါးကျင့်စဉ်ဖြင့်  လေ့ကျင့်ရပြီး စိတ်နှလုံးထဲသို့ကား စာပေကလောင်စွမ်းဖြင့် ဝင်ရောက်နေရာယူကြသည်။ သဘာဝတရားကြီးက ပေးစွမ်းသော လက်ဆောင်မွန်များကို မြေသားမြေကြီးက လက်ခံရယူပြီး ရှေးယခင်မှစ ယနေ့ထက်ထိ ခေတ်အဆက်ဆက် လူတို့၏ သဘာဝတရားအပေါ် လေးစားမှုနှင့် ကြည်ညိုအထွတ်အမြတ်ထားမှုများ ပေါင်းစုနေကာ လက်မှုပညာရှင်များ၏ လက်ဖဝါးထဲတွင် တဖြည်းဖြည်း ပုံစံထင်ပေါ်လာနေပါသည်။ လက်မှုပညာရှင်များ၏ အလှအပ အနုပညာ ခံစားနိုင်စွမ်းနှင့် တွေးတောဖန်တီးမှုများဖြင့် ရွှံ့သဲမြေသည်ပင် လူ့သဘောသဘာဝအတိုင်း သက်ဝင်လှုပ်ရှားလာပြီး အနုပညာပဉ္စလက်အသွင် ဖြစ်ပေါ်လာလေသည်။




ယွိရှီး(Yuxi)ရှိ အဖြူရောင်အောက်ခံနှင့်

အပြာရောင်ပန်းအဆင်တို့ တွဲဖက်မြေထည်