ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “ဆောင်းဦးဝင်စရာသီချိန် (Li Qiu)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:09:51

ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “‌ဆောင်းဦးဝင်စရာသီချိန်”ဟု အနက်ရသော “လိချိုး(Li Qiu)ရာသီချိန်”ပင် ဖြစ်ပါသည်။


图片


လိချိုး(Li Qiu)ရာသီချိန်သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ (၁၃)ခုမြောက် ရာသီချိန်ဖြစ်ပြီး ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၁၃၅°သို့ လည်ပတ်ကျရောက်ကာ ပုံမှန်အားဖြင့် သြဂုတ်လ (၇)ရက်နေ့ သို့မဟုတ် (၈)ရက်နေ့တွင် ကျရောက်လေ့ရှိပါသည်။ ဤရာသီချိန်သည် တရုတ်နိုင်ငံ နေရာအတော်အများအဖို့ တစ်နှစ်တာလုံး၏ ရာသီဥတု စတင်အေးမြစပြုလာသော အချိန်ကာလပင် ဖြစ်ပေသည်။


图片


လိချိုး(Li Qiu)ရာသီချိန်သည်  ဆောင်းဦးဥတု၏ ပထမဆုံး ရာသီချိန်ဖြစ်ပြီး  ဆောင်းဦးရာသီ၏ အစလည်း ဖြစ်ပေသည်။ ဤအချိန်တွင် အရာခပ်သိမ်းအားလုံး တဖြည်းဖြည်း ရင့်မှည့်လာပြီး မကြာမီတွင် ရိတ်သိမ်းရာသီ ရောက်ရှိ၍ လာပါတော့မည်။


图片


လိချိုး(Li Qiu)ရာသီချိန် ကျရောက်ပြီးနောက်တွင် အပူချိန်သည် မကျတတ်သေးပဲ ပို၍ပင် ဆက်လက်မြင့်တက်နိုင်ပါသေးသည်။“ဆောင်းဦးရာသီကာလ၏ နောက်ဆုံးအပူလှိုင်းသည် နွားအိုကိုပင် ပူအိုက်လောင်မြှိုက် အသက်သေစေနိုင်သည်။”ဟူသော ရှေးဆိုရိုးစကားတစ်ခွန်းပင် ရှိပါသေးသည်။ ဤရာသီချိန်သည် အပူနှင့်အအေး အကူးအပြောင်းကာလပင် ဖြစ်ပေသည်။ 


图片


လိချိုး(Li Qiu)ရာသီချိန်သည် လယ်ယာစိုက်ပျိုးရေးသီးနှံပင် အမြောက်အများ၏ စတင်မျိုးစေ့ချ စိုက်ပျိုးရန် အချိန်ကောင်း ဖြစ်ပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းဒေသရှိ မုန်ညင်းထုပ်များကို အပူချိန်မကျအေးသေးမီ အပူရှိန် လုံလုံလောက်လောက် ရရှိနိုင်ရန်အတွက် အချိန်မီ မျိုးစေ့ချစိုက်ပျိုးကာ အရည်အသွေးနှင့် အထွက်နှုန်းမြင့်မြင့် အောင်မြင်စေရန် ကြိုးပမ်းရပေသည်။


图片


အစားအသောက်ပိုင်းတွင် အရသာခပ်ပေါ့ပေါ့ရှိသော အစားအသောက်များကို အဓိကထား စားသုံးပေးသင့်ပြီး အသည်းကလီစာလုပ်ဆောင်ချက် တိုးမြှင့်စေနိုင်ရန် “အက်စစ်ဓာတ် မြင့်မားစေခြင်း” ကို အထူးဂရုစိုက်သင့်သည်။  ပန်းသီး၊ စပျစ်သီး၊ ကျွဲကောသီး၊ ဟောသွန်းသီး အစရှိသည့် အချဉ်ဓာတ်ပါဝင်သော အစားအစာများကို ရွေးချယ်စားသုံးသင့်ပါသည်။


ယနေ့တွင် ကြည့်ရှုသူပရိသတ်များအားလုံး ဆောင်းဦးဝင်စရာသီချိန်တွင် ဆန်းတုန်း(Shandong)ပြည်နယ် နင်းကျင်း(Ningjin)ဒေသတွင် တရုတ်နိုင်ငံတစ်ဝှမ်းရှိ အင်းဆက်ပိုးမွှား စူးစမ်းရှာဖွေ လေ့လာကစားသမားများ ကိုယ်စီကိုယ်ကျဖြင့် ဤနေရာသို့ မြိုင်မြိုင်ဆိုင်ဆိုင် လာရောက်တတ်ကြပြီး မိမိတို့ရင်ထဲရှိ ပိုးဘုရင်ကို လာရောက်ရှာဖွေကြသည့် မြင်ကွင်းကို ဤဗီဒီယိုမှတစ်ဆင့် ခေါ်ဆောင်သွားပါရစေရှင်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့် “Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”