ထူးခြားစုံလင် တရုတ်မြန်မာပွဲတော်ရက်သဘင် - “အပူရှိန်ကုန်ဆုံးစရာသီချိန် (Chu Shu)”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 10:08:54

ယနေ့သည် တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ “‌အပူရှိန်ကုန်ဆုံးစရာသီချိန်”ဟု အနက်ရသော “ချူစူ(Chu Shu)ရာသီချိန်”ပင် ဖြစ်ပါသည်။


图片


ချူစူ(Chu Shu) ရာသီချိန်သည် ပူပြင်းမှုမှ အေးမြမှုသို့ အကူးအပြောင်းရာသီကို ထင်ဟပ်ဖော်ပြနေပြီး “ချူ(Chu)”ဟူသည် “ပြီးဆုံးသည်”ဟု အနက်ရကာ “ချူစူ(Chu Shu)”ဟူသည် ပူအိုက်လှသော နွေကာလ ကုန်ဆုံးတော့မည့် သဘောကို ဖော်ဆောင်နေပါသည်။ ဤရာသီချိန်တွင် နေဝန်းကြီးသည် လောင်ဂျီကျု ၁၅၀°သို့ လည်ပတ်ကျရောက်နေပြီး   တရုတ်ရိုးရာ ရာသီချိန် နှစ်ဆယ့်လေးခုအနက်မှ (၁၄)ခုမြောက် ရာသီချိန်ဖြစ်ကာ ပုံမှန်အားဖြင့် သြဂုတ်လ (၂၂)ရက်နေ့နှင့် (၂၄)ရက်နေ့အကြားတွင် ကျရောက်လေ့ရှိပါသည်။ 


图片


“မြေတစ်ခင်းလုံး ဝင်းဝါဝါ ချူစူရာသီအခါ၊ အိမ်တိုင်းအိမ်တိုင်း ပြင်ဆင်ထား စပါးကျီလှောင်ခန်းများ” ဟူသော လယ်တွင်းအဆိုစကား ရှိပါသည်။ ဤရာသီချိန်သည် လယ်ယာကောက်ပဲသီးနှံပင်များ သီးအောင်ဖြစ်ထွန်းချိန်ဖြစ်ကာ တရုတ်နိုင်ငံ နေရာဒေသ အတော်များများတွင် ကောက်လတ်ရိတ်သိမ်းချိန်ဖြစ်ပြီး နွေပေါ်သီးနှံ၊ ဆောင်းဦးပေါ်သီးနှံပင် အချို့မှာလည်း ရင့်မှည့်လာတော့မည့်အချိန် ဖြစ်ပေသည်။ 


图片


ချူစူရာသီချိန်ခါဝန်းကျင်တွင် ပြုလုပ်သော ဓလေ့ထုံးတမ်းများသည် ဘိုးဘေးများအား ရှိခိုးကန်တော့ခြင်းနှင့် ဆောင်းဦးရာသီကို ကြိုဆိုခြင်းများနှင့် သက်ဆိုင်နေပါသည်။ ဤရာသီချိန်အပြီးတွင် မိုးသားကင်းစင်၍ သာယာအေးမြလှသောကြောင့် မြို့ပြင်သို့ အပန်းဖြေ သွားရောက်လည်ပတ်ကာ ဆောင်းဦးရာသီကို ကြိုဆိုရင်း သဘာဝအလှအပများကို ခံစားရန် အချိန်ကောင်းပင် ဖြစ်သည်။ ဤအချိန်တွင် နွေအပူများ တဖြည်းဖြည်း ပြယ်လျော့လာကာ ကောင်းကင်ယံရှိ တိမ်တိုက်များသည်ပင် လွတ်လပ်စွာ မျောလွင့်နေသောကြောင့် အရပ်ထဲတွင် “တိမ်လွှာတိမ်လွင့်ရှုဖို့ရာ (၇)လနှင့် (၈)လပိုင်းအခါ”ဟူသော ဆိုစကားပင် ရှိသေးသည်။


图片


ချူစူရာသီချိန်‌ရောက်တိုင်း၌ ကျဲ့ကျန်း(Zhejiang)ပြည်နယ် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိသော ငါးဖမ်းပွဲတော်ကို ကျင်းပပြုလုပ်ကြသည်။ အကြောင်းမှာ ချူစူရာသီချိန်‌ပြီးနောက်တွင် ငါးဖမ်းလုပ်ငန်း၏ အကျိုးအမြတ်ရရှိချိန်ဖြစ်၍ ပင်လယ်ပြင်ကြီး၏ ပေးကမ်းချီးမြှင့်မှုကို ကျေးဇူးတင်ရှိရန်နှင့် ငါးဖမ်းလုပ်သားများ၏ အန္တရာယ်ကင်းဘေးရှင်းရေးကို  စောင့်‌ရှောက်ပေးရန် ပင်လယ်ကြီးထံ ဆုတောင်းရန်တို့အတွက် ဖြစ်ပါသည်။ ဤရာသီချိန်မှစတင်၍ အမျိုးအစား စုံလင်များပြား၍ ရနံ့အရသာနှင့် ပြည့်စုံလှသော ပင်လယ်စာများကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။ 


ချူစူရာသီချိန်တွင်  ယူနန်ပြည်နယ် တာ့လီ(Dali)ဒေသရှိ  ပိုင်လူမျိုးများ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြသည့် ဆေးဆိုးပန်းရိုက်ပြုလုပ်နည်း အတတ်ပညာကို ဤဗီဒီယိုမှတစ်ဆင့် အားလုံးအတူတကွ ကြည့်ရှုလေ့လာလိုက်ကြရအောင်လားရှင်။



ဗီဒီယိုအား Xinhua သတင်းဌာန CNC အွန်လိုင်းတီဗီမှ ပံ့ပိုးတင်ဆက်ပေးထားခြင်း ဖြစ်ပါသည်။


ကိုးကားချက်။ ။ ဓာတုစက်မှုလုပ်ငန်း ပုံနှိပ်တိုက်မှ ထုတ်ဝေပြီး Qiu Bingjun မှ ရေးသားပြုစုသော “နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”၊ တရုတ်နိုင်ငံ ချစ်ကြည်ရေး ပုံနှိပ်ကုမ္ပဏီမှ ထုတ်ဝေသည့် “Yu Shicun ပြောသော နှစ်ဆယ့်လေးခုသော တရုတ်ရိုးရာ ရာသီချိန်များ”