၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” ယုန်နှစ်မင်္ဂလာ - တရုတ်(၁၂)ရာသီခွင်ယဉ်ကျေးမှုပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-16 15:28:31


WeChat Image_20230104100756.jpg


“တရုတ်(၁၂)ရာသီခွင်ယဉ်ကျေးမှုပြပွဲ” သည် အသွင်သဏ္ဌာန် စုံလင်ကြွယ်ဝပြီး တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးထူးခြားချက်၏ စွဲမက်ဖွယ်များကို တင်ဆက်ပြသရင်း ယဉ်ကျေးမှုလုပ်ငန်း၏ ပြင်ပပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာဈေးကွက်ထိုးဖောက်ရေးကို မြှင့်တင်ကာ သာယာကောင်းမွန်သော တရုတ်နိုင်ငံအကြောင်းကို ပေါ်လွင်စွာ ဖော်ပြထားပါသည်။


“ယုန်နှစ်ရာသီခွင်ယဉ်ကျေးမှုပြပွဲ” သည် ယုန်ကို “မင်္ဂလာလာဘ်ကောင်” ရှုထောင့်မှနေ၍ ဆန်းသစ်ဖန်တီးထားကာ ယုန်နှစ်ရာသီခွင်၏ ယဉ်ကျေးမှုအနှစ်သာရများ၊ တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုထဲမှ ယုန်၏ အခန်းကဏ္ဍ၊ အရပ်ထဲတွင် ပျံ့နှံ့လျက်ရှိသော ယုန်နှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်ယုံတမ်းများနှင့် ဒဏ္ဍာရီပုံပြင်များ၊ တရုတ်နိုင်ငံဒေသအသီးသီး၏ ရိုးရာယဉ်ကျေးမှုဓလေ့များတွင် ယုန်၏ အဓိပ္ပာယ်သက်ရောက်မှုများကို ရှင်းလင်းဖော်ပြထားပါသည်။ ပြပွဲအကြောင်းအရာများအနေဖြင့် ရာသီခွင်ယုန်၏ ဒဏ္ဍာရီ၊ ယုန်နှင့် တရုတ်ယဉ်ကျေးမှု၊ ယုန်၏ အနက်သဘော၊ ယုန်နှင့်ပတ်သက်သော ယုံတမ်းပုံပြင်များ စသဖြင့် ပါဝင်ပါသည်။ 


ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပိုင်းတွင် ဒေသထူးခြားချက်များစွာ ပါရှိသည့် ယုန်ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုခရီးသွားလာရေးတို့၏ ပေါင်းစည်းမြှင့်တင်ရေးကို အဓိက အကြောင်းအရာအဖြစ် ထားရှိပါသည်။ စိတ်ဝင်စားဖွယ် ယုန်ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားမြို့ သို့မဟုတ် ခရီးသွားနေရာ (၁၀) ခုကို မိတ်ဆက်ပေးပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြို့းတိုးတက်ရေး၊ ရှေးဟောင်းပေကျင်းမြို့၏ နာမည်ကျော် “ယုန်နတ်မင်း” ဖြင့် စွဲမက်မှုပိုကဲစေသော “ဟူထုံ့ (Hutong)” ခေါ် ရှေးဟောင်းလမ်းကြားယဉ်ကျေးမှုများကို မြှင့်တင်ဆောင်ရွက်ပြီး နှစ်ပေါင်းထောင်ချီနေသော ပေကျင်းမြို့၏ ပြောင်းလဲမှုများကို သက်သေထူပြသပါသည်။ ထို့အပြင် တရုတ်ကလေးသူငယ်များ၏ ကောင်းမွန်သော အမှတ်တရဖြစ်သည့် “White Rabbit နို့သကြားလုံး” ၊ ရှန်ဟိုင်းမူလလက်ဟောင်းတံဆိပ်၊ ဆိုင်ခန်း အများအပြားတို့ဖြင့် တစ်မူထူးခြားစေသော သမိုင်းဝင် သွင်ပြင်လက္ခဏာများနှင့် ယဉ်ကျေးမှုအငွေ့အသက် ဖြစ်တည်မှုများကို မှတ်တမ်းတင်ထားပါသည်။


WeChat Image_20230104111825.jpg