၂၀၂၃ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" "ပိုးလမ်းမ တေးသံသာ" တိုင်းရင်းသားရိုးရာ ဂီတတူရိယာများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-14 11:55:35



ပိုးလမ်းမကြီးသည် တေးဂီတများ ပေါင်းစပ်ဖလှယ်ရာ လမ်းမကြီးတစ်ခုဖြစ်ပြီး အသွင်စုံလင်သော တေးဂီတယဉ်ကျေးမှုများကို ဆောင်ကြဉ်းပေးခဲ့ပါသည်။ နေရာဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးတို့၏ ဂီတတူရိယာများသည် ပိုးလမ်းမကြီးတစ်လျှောက်မှ တရုတ်နိုင်ငံသို့ ပျံ့နှံ့ရောက်ရှိလာခဲ့ပြီး နှီးနှောဖလှယ်မှုများနှင့် ဆန်းသစ်တီထွင်မှုများကို မပြတ်လုပ်ဆောင်လာခဲ့ရင်း လူသားမျိုးနွယ်ယဉ်ကျေးမှု၏ ဘုံအမွေအနှစ်တစ်ခု ဖြစ်လာခဲ့လေသည်။


ရှင်းကျန်းဒေသ (Xinjiang) သည် ရှေးခေတ်ပိုးလမ်းမကြီး၏ အရေးပါသော ဆုံမှတ်တစ်ခုဖြစ်ပြီး ပိုးလမ်းမကြီး၏ ပေါင်းကူးတံတားနှင့် အချိတ်အဆက်လည်း ဖြစ်သည်။ ၎င်းဒေသမှ တိုင်းရင်းသားရိုးရာ ဂီတတူရိယာများသည်လည်း ပိုးလမ်းမကြီးထက်တွင် ထင်ပေါ်ကျော်ကြားပြီး ရှင်းကျန်းဒေသနှင့် အခြားဒေသများ၏ ယဉ်ကျေးမှုပေါင်းစပ်ဖလှယ်ရေးကို ထိထိရောက်ရောက် မြှင့်တင်ပေးခဲ့သည့်အပြင် တရုတ်လူမျိုးများနှင့် ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံအသီးသီးမှ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထာဝရအမှတ်တရအဖြစ် မှတ်ကျောက်တင်ပေးခဲ့ပါသည်။


“ ‘ပိုးလမ်းမ တေးသံသာ’ တိုင်းရင်းသားရိုးရာ ဂီတတူရိယာများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ခြင်း” အစီအစဉ်သည် အွန်လိုင်းမှတစ်ဆင့် အမြင်နှင့် အကြားအာရုံများကို ပေါင်းစည်းကာ လက်ဖြင့် ရေးဆွဲထားသော ရုပ်ပုံစာလိပ်ရှည် + ပုံရိပ်တုံ့ပြန်မှု + ရှုခင်းနောက်ခံ တေးသီချင်း + ဗီဒီယိုနှင့် ၇၂၀ ဒီဂရီ မြင်ကွင်းကျယ်ပြခန်း စသည့်ပုံစံများဖြင့် ဘိုးတံကို အသုံးပြု၍ တီးခတ်ရသော တူရိယာ၊ ကြိုးကို ခတ်၍ တီးရသော ကြိုးတပ်တူရိယာ၊ လေမှုတ်တူရိယာနှင့် ရိုက်ပုတ်တီးရသော တီးခတ်တူရိယာ စသဖြင့် ပိုးလမ်းမဂီတတူရိယာ အလှရသနှင့် ပိုးလမ်းမယဉ်ကျေးမှု နှီးနှောဖလှယ်ခြင်း အလှရသများကို တင်ဆက်ပြသထားပါသည်။



"ပိုးလမ်းမ တေးသံသာ" တိုင်းရင်းသားရိုးရာ ဂီတတူရိယာများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ခြင်း အွန်လိုင်းပုံရိပ်ယောင်ပြပွဲ

https://slxy.xideshucang.com/


WeChat Image_20230113171355.jpg

QR Code ကို Scan ဖတ်၍ အွန်လိုင်းပုံရိပ်ယောင်ပြပွဲကို ဝင်ရောက်လေ့လာနိုင်ပါသည်။


WeChat Image_20230104111825.jpg