၂၀၂၃ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “ဂန္ထဝင်အမွေကိုဆက်ခံသွား ရှင်းကျန်းဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ” ကဏ္ဍတွဲဗီဒီယိုအတို (အပိုင်း - ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-19 14:53:30




ပိုးလမ်းမကြီးသည် ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိုသာမက ယဉ်ကျေးမှုများ ကူးလူးဆက်ဆံခြင်းနှင့် တိုးတက်ပြန့်ပွားမှုများကိုပါ ဖြစ်ထွန်းစေခဲ့သည်။ အေဒီ (၇) ရာစုတွင် ကုရဘာနီအိဒ်ပွဲတော် (Corban Festival) သည် ပိုးလမ်းမကြီးတစ်လျှောက်မှ တရုတ်နိုင်ငံ အနောက်ဘက်ဒေသသို့ ရောက်ရှိပြန့်ပွားလာခဲ့ပြီး ယခုအချိန်တွင် ခက်(ရှ်)ဂါ (Kashgar) တိုင်းရင်းသားလူမျိုးများအားလုံး အတူတကွ ကျင်းပဆင်နွှဲကြသည့် ရိုးရာပွဲတော်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။


ခက်(ရှ်)ဂါဒေသခံများအတွက် ကုရဘာနီအိဒ်ပွဲတော်သည် နှစ်သစ်ကူးပွဲတော်ကဲ့သို့ပင် အရေးပါလှသည်။ ထိုပွဲတော်နေ့တွင် ခက်(ရှ်)ဂါဒေသခံများက စားပွဲတော်အပြည့် တည်ခင်း၍ နှစ်တစ်နှစ်တာလုံး ကြိုးစားပင်ပန်းခဲ့ရသမျှများအတွက် မိမိကိုယ်ကို ဆုချကြသည်။ မျက်စိတစ်ဆုံး မြင်မြင်သမျှတွင် မွှေးရနံ့သင်းသော စားကောင်းသောက်ဖွယ်များ၊ လှပကြော့ရှင်းသော ကကွက်ကဟန်များ၊ မြူးကြွသော သီဆိုဖျော်ဖြေမှုများဖြင့် နေရာတိုင်းတွင် ပျော်ရွှင်မှုအငွေ့အသက်များဖြင့် ပြည့်နှက်နေပါတော့သည်။


WeChat Image_20230104111825.jpg