နိုင်ငံခြားသားတို့၏ အတွေ့အကြုံများ - နိုင်ငံခြားသားဝန်ထမ်းများ၏ တရုတ်နိုင်ငံအပေါ် အမြင် – “Guotai Junan International (Singapore) – Ernest Hong”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“နိုင်ငံခြားသားတို့၏ အတွေ့အကြုံများ - နိုင်ငံခြားသားဝန်ထမ်းများ၏ တရုတ်နိုင်ငံအပေါ် အမြင်” အစီအစဉ်သည် တိုက်ကြီး (၆)တိုက်မှ နိုင်ငံပေါင်း (၄၀)ကျော်ရှိ လူအယောက် (၁၀၀) တို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတို့အားလုံးသည် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ပြည်ပဌာနခွဲများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံခြားသားတစ်ဦး၏ ရှုထောင့်မှနေ၍ တရုတ်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်မှု အတွေ့အကြုံနှင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ခံစားချက်အမြင်များကို ဝေမျှရင်း တရုတ်နိုင်ငံအပေါ် ချစ်မြတ်နိုးမှုနှင့် တရုတ်လူမျိုးများအပေါ် ထားရှိသည့် ခင်မင်မှုသံယောဇဉ်ကို ဖော်ပြခဲ့ကြပါသည်။
မလေးရှားနိုင်ငံသား Ernest Hong (孔祥庆) သည် Guotai Junan International (Singapore) တွင် သတင်းအချက်အလက်နည်းပညာ ကျွမ်းကျင်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ သူသည် Guotai Junan တွင် ဝင်ရောက်လုပ်ကိုင်ပြီးနောက် အထင်ရှားဆုံး ခံစားမိသည့်အချက်မှာ သူမတူကွဲပြားသည့် လုပ်ငန်းခွင်ယဉ်ကျေးမှုဖြစ်ကြောင်း၊ အထက်ပိုင်းခေါင်းဆောင်အကြီးအကဲများမှ အောက်ခြေဝန်ထမ်းများအထိ အသီးသီးတွင် ထူးချွန်ကောင်းမွန်သည့် စီမံအကောင်အထည်ဖော်မှု လုပ်ငန်းစွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်ကုမ္ပဏီလုပ်ငန်းများ နိုင်ငံတကာစျေးကွက်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ဆန်းသစ်သော အတွေးအမြင်များကို ယူဆောင်လာရုံမက အခွင့်အလမ်းကောင်းများစွာကိုလည်း ဖန်တီးပေးခဲ့ပါသည်။ တရုတ်ကုမ္ပဏီလုပ်ငန်းများသည် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ဒေသတွင်းစီးပွားရေးကို တိုးတက်ကောင်းမွန်စေကာ ပိုမိုများပြားသော အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ပါသည်။