နိုင်ငံခြားသားတို့၏ အတွေ့အကြုံများ - နိုင်ငံခြားသားဝန်ထမ်းများ၏ တရုတ်နိုင်ငံအပေါ် အမြင် – “Shanghai Tunnel Engineering - သန့်ဇော်အောင်”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
“နိုင်ငံခြားသားတို့၏ အတွေ့အကြုံများ - နိုင်ငံခြားသားဝန်ထမ်းများ၏ တရုတ်နိုင်ငံအပေါ် အမြင်” အစီအစဉ်သည် တိုက်ကြီး (၆)တိုက်မှ နိုင်ငံပေါင်း (၄၀)ကျော်ရှိ လူအယောက် (၁၀၀) တို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတို့အားလုံးသည် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ပြည်ပဌာနခွဲများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံခြားသားတစ်ဦး၏ ရှုထောင့်မှနေ၍ တရုတ်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်မှု အတွေ့အကြုံနှင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ခံစားချက်အမြင်များကို ဝေမျှရင်း တရုတ်နိုင်ငံအပေါ် ချစ်မြတ်နိုးမှုနှင့် တရုတ်လူမျိုးများအပေါ် ထားရှိသည့် ခင်မင်မှုသံယောဇဉ်ကို ဖော်ပြခဲ့ကြပါသည်။
မြန်မာနိုင်ငံသား သန့်ဇော်အောင်သည် ယခုလက်ရှိ၌ Shanghai Tunnel Engineering Co (Singapore) Pte Ltd တွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ၎င်းအမြင်တွင် Shanghai Tunnel Engineering သည် စင်ကာပူနိုင်ငံရှိ တရုတ်လုပ်ငန်းတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်၏ ဂုဏ်သတင်းအကျော်စောဆုံးသော နိုင်ငံတကာကုမ္ပဏီများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့ပြီး စင်ကာပူနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိပါသည်။
Shanghai Tunnel Engineering အနေဖြင့် စင်ကာပူနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်ချဲ့ထွင်ကာ စင်ကာပူနိုင်ငံ၏ ရထားသံလမ်းကွန်ရက်ကို တစ်ဆင့်တိုး၍ ကူညီပံ့ပိုးပေးပြီး တရုတ်နိုင်ငံ၏ (၂၁)ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကြီး အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူပြုပေးနိုင်မည်ဟုလည်း သန့်ဇော်အောင်မှ မျှော်လင့်ထားပါသည်။