နိုင်ငံခြားသားတို့၏ အတွေ့အကြုံများ - နိုင်ငံခြားသားဝန်ထမ်းများ၏ တရုတ်နိုင်ငံအပေါ် အမြင် – “China State Shipbuilding Corporation International Engineering (Bangladesh) Co.,Ltd - Ziaul Haque”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-18 14:44:15


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



“နိုင်ငံခြားသားတို့၏ အတွေ့အကြုံများ - နိုင်ငံခြားသားဝန်ထမ်းများ၏ တရုတ်နိုင်ငံအပေါ် အမြင်” အစီအစဉ်သည် တိုက်ကြီး (၆)တိုက်မှ နိုင်ငံပေါင်း (၄၀)ကျော်ရှိ လူအယောက် (၁၀၀) တို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ၎င်းတို့အားလုံးသည် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ပြည်ပဌာနခွဲများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ၎င်းတို့သည် နိုင်ငံခြားသားတစ်ဦး၏ ရှုထောင့်မှနေ၍ တရုတ်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်မှု အတွေ့အကြုံနှင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ခံစားချက်အမြင်များကို ဝေမျှရင်း တရုတ်နိုင်ငံအပေါ် ချစ်မြတ်နိုးမှုနှင့် တရုတ်လူမျိုးများအပေါ် ထားရှိသည့် ခင်မင်မှုသံယောဇဉ်ကို ဖော်ပြခဲ့ကြပါသည်။


WeChat Image_20221118111550.png


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ziaul Haque သည် ယခုလက်ရှိ၌ China State Shipbuilding Corporation International Engineering (Bangladesh) Co.,Ltd တွင် လုပ်ငန်းခွင်မြို့ပြအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။


WeChat Image_20221118111558.png


Ziaul Haque သည် တရုတ်ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိသည့်အတွက် အလွန်ပင် ဝမ်းမြောက်ကြောင်း၊ တရုတ်လုပ်ဖော်ကိုင်ဖက်များမှာ ဖော်ရွေပျူငှာကြပြီး အလုပ်ကို စေ့စပ်သေချာစွာ လုပ်ကိုင်တတ်ကြောင်း၊ တရုတ်အဖွဲ့သားများသည် စုပေါင်းဆောင်ရွက်မှုတွင် အားကောင်းကြကြောင်းနှင့် ကျွမ်းကျင်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားကြောင်းများကို ပြောကြားခဲ့ပါသည်။


WeChat Image_20221118111601.png


တရုတ်ကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီမံကိန်း အများအပြားတွင် အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်နေပါသည်။ Ziaul Haque တရုတ်ကုမ္ပဏီတွင် အလုပ်ဝင်ခြင်းအတွက်လည်း သူ၏မိသားစုဝင်များက ဂုဏ်ယူကြပါသည်။ Ziaul Haque သည် ပိုမိုများပြားသော တရုတ်ကုမ္ပဏီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဆောက်လုပ်ရေးစီမံကိန်းများတွင် ပူးပေါင်းပါဝင်လာရန် မျှော်လင့်လျက် ရှိပါသည်။