“လှပစုံညီ တရုတ်ပြည်” မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ပန်းချီပြိုင်ပွဲမှ ပြိုင်ပွဲဝင်ပန်းချီလက်ရာအချို့အား တင်ဆက်ပြသခြင်း
“လှပစုံညီ တရုတ်ပြည်” ခေါင်းစဉ်ဖြင့် ကျင်းပသော မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ပန်းချီပြိုင်ပွဲကို စက်တင်ဘာလ (၂၄)ရက်နေ့တွင် အောင်မြင်စွာ အပြီးသတ်ခဲ့ပါသည်။ ၎င်းအစီအစဉ်သည် ၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကဏ္ဍတွဲအစီအစဉ်များအနက်မှ တစ်ခုအပါအဝင် ဖြစ်ပြီး မြန်မာ့ကလေးသူငယ်၊ လူငယ်လူရွယ်များအား ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ပြိုင်ပွဲဝင်များအား မိမိတို့၏ ပန်းချီအတတ်ပညာဖြင့် နှလုံးသားအမြင်ထဲမှ တရုတ်နိုင်ငံကို ပုံဖော်စေပြီး ပန်းချီဖန်တီးမှုလက်ရာများမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုအပေါ် ချစ်မြတ်နိုးမှုနှင့် တရုတ်နိုင်ငံအတွက် ဆုမွန်ကောင်းများကို ထုတ်ဖော်စေခဲ့ပါသည်။
ယင်းပန်းချီပြိုင်ပွဲသည် ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့ပြီး တိုတောင်းလှသည့် နှစ်ပတ်တာအချိန်အတွင်းမှာပင် ပြိုင်ပွဲဝင် (၁၉၃)ဦး၏ ပန်းချီလက်ရာများကို လက်ခံရရှိခဲ့ပါသည်။ လက်ခံရရှိသော ပြိုင်ပွဲဝင်ပန်းချီလက်ရာများကို စိစစ်သေချာစွာ အကဲဖြတ်ရွေးချယ်ပြီးနောက် စက်တင်ဘာလ (၂၄)ရက်နေ့တွင် Popular Choice Award ဆု၊ အလှဆုံးခြယ်မှုန်းနိုင်မှုဆုနှင့် အကောင်းဆုံး ပေါင်းစပ်ဖွဲ့စည်းနိုင်မှုဆုများကို အသီးသီး ရရှိသွားကြသည့် ပြိုင်ပွဲဝင် (၁၈)ဦး၏ အမည်စာရင်းနှင့် ပန်းချီလက်ရာများကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤပြိုင်ပွဲအစီအစဉ်တွင် ပြောင်မြောက်လှသည့် ပန်းချီလက်ရာ အမြောက်အမြားကို လက်ခံရရှိခဲ့သည့်အတွက် ပြိုင်ပွဲဝင်များ၏ အားတက်သရော ပါဝင်ယှဉ်ပြိုင်မှုကို အားပေးချီးမြှောက်သည့်အနေဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုရစာရင်းတွင် မပါဝင်ခဲ့သော ပြိုင်ပွဲဝင်ပန်းချီလက်ရာများထဲမှ ပန်းချီလက်ရာမွန် (၁၈)ခုကို ထပ်မံရွေးချယ်ကာ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များထံ ဝေမျှတင်ဆက်ပေးလိုက်ပါသည်။
နောင်များတွင်လည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အခြားသော အစီအစဉ်ကောင်းများစွာကို ဆက်လက်တင်ဆက်ပေးသွားမည် ဖြစ်သောကြောင့် စောင့်မျှော်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

မောင်စွမ်းပြည့်စုံ

谭贤恩

Phone Myat Kyaw

Myat Thandar Win

何心缘

Hsu Lae Nandar Aung(林宝荥)

Hnin Than Lwin Cho

Nang Ying Sam Kham

Chaw Su Thet

Chit Khoon Thar

May Sabel Win

Eaint Kyi Phyu

Myat Hsu Eain

Moe Theingi Kyaw

Hein Wai Yan Htet(霍昌蔚)

Shine Htet Aung

Thoon Thadar Htet(陈美樱)

左馨民
