“မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဆုရဗီဒီယိုအချို့အား တင်ဆက်ပြသခြင်း
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ကျင်းပသော “မြန်မာနိုင်ငံသားအမြင်ထဲက တရုတ်ရိုးရာ ဆောင်းဦးလယ်လမုန့်ပွဲတော်” ဗီဒီယိုအတိုများ စုဆောင်းလက်ခံခြင်းအစီအစဉ်အား စက်တင်ဘာလ (၁၅)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအစီအစဉ်အား ကြေညာချက်ထုတ်ပြန်ပြီး အချိန်တစ်ပတ်တာ ကာလအတွင်းမှာပင် ပေးပို့လာသူများ၏ မိမိတို့ခံစားချက် အစစ်အမှန်ဖြစ်သော၊ အဓိပ္ပာယ်ပြည့်ဝ၍ ရသပြည့်စုံသော ဗီဒီယိုလက်ရာများကို လက်ခံရရှိခဲ့ပါသည်။ ယင်းဗီဒီယိုများအား စိစစ်အကဲဖြတ်ပြီးနောက် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ထူးချွန်ဗီဒီယိုလက်ရာ (၁၀)ခုကို ရွေးချယ်ကာ ဆုရစာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
Nang Yu Thandar Min(瞿玉民)
၎င်းအစီအစဉ်သည် ၂၀၂၂ ခုနှစ် “ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား” ခေါင်းစဉ်အောက်ရှိ လှုပ်ရှားမှုအစီအစဉ်တစ်ခုဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကဏ္ဍတွဲအစီအစဉ်များအနက်မှ တစ်ခုအပါအဝင်လည်းဖြစ်ပါသည်။ ဤအစီအစဉ်ကို ဆောင်းဦးလယ်လမုန့်ပွဲတော်ချိန်ခါ၏ ပြန်လည်ဆုံစည်းကြခြင်း ဆုမွန်ကောင်းနှင့် တရုတ်ယဉ်ကျေးမှု၏ အနှစ်သာရကြွယ်ဝမှုများကို မြန်မာပြည်သူများအား မျှဝေမိတ်ဆက်ပေးသွားကာ မြန်မာပြည်သူပြည်သားများနှင့်အတူ ဆောင်းဦးလယ်လမုန့်ပွဲတော်ကို အတူတကွ ပျော်ရွှင်စွာ ကျင်းပရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
Naing Wai Soe(刘蓝天)
ယင်းအစီအစဉ်သည် မြန်မာနိုင်ငံရှိ ဒေသပေါင်းစုံ၊ အသက်အရွယ် အပိုင်းအခြားအသီးသီးမှ အွန်လိုင်းသုံးစွဲသူများ၏ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုအားပေးမှုနှင့် တက်ကြွစွာ ပါဝင်မှုများကို ရရှိခဲ့ပါသည်။ ရန်ကုန်မှ အင်တာနက်သုံးစွဲသူ ပရိသတ်များအပြင် မန္တလေးတိုင်းဒေသကြီး၊ တောင်ကြီးမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များလည်း ဤအစီအစဉ်တွင် ပေးပို့ပါဝင်ခဲ့ကြသည်။ လက်ခံရရှိထားသော ဗီဒီယိုများတွင် ဆောင်းဦးလယ်လမုန့်ပွဲတော်၏ ဒဏ္ဍာရီပုံပြင်၊ ဓလေ့ထုံးတမ်း၊ ပွဲတော်ရိုးရာအစားအစာ အစရှိသည့် အကြောင်းအရာများ ပါဝင်သည်။ ပေးပို့သူများသည် ကျပန်းစကားပြော၊ ကဗျာ၊ အက အစရှိသော ပုံစံမျိုးစုံဖြင့် မိမိတို့၏ စိတ်ခံစားချက်များအတိုင်း တင်ဆက်ဖော်ပြထားပြီး ဗီဒီယိုတိုင်းသည် “တူယှဉ်နွှဲပျော် ဆောင်းဦးလယ်လမုန့်ပွဲတော်၊ ရင်းနှီးနီးစပ် ပြည်သူများစိတ်ချင်းဆက်” ဟူသော လှုပ်ရှားပွဲ၏ အဓိကခေါင်းစဉ်အကြောင်းအရာကို ထင်ဟပ်ပေါ်လွင်နေစေပါသည်။
Ma Myintzu(戴美玲)、Ma Thet Htar Hlaing(林爱华)、Ma Phoo Pwint Thinn(曹玉玲)
ယနေ့တွင် ဆုရရှိခဲ့သည့် ဗီဒီယိုများအနက်မှ ဗီဒီယိုအချို့ကို ရွေးချယ်ပြီး ပရိသတ်များထံ ဝေမျှတင်ဆက်ပေးသွားပါမည်။
Nang Yu Thandar Min(瞿玉民)
Naing Wai Soe(刘蓝天)
选送单位:金光学院(G.E.S.C Chinese Language Center)
Ma Myintzu(戴美玲)、Ma Thet Htar Hlaing(林爱华)、Ma Phoo Pwint Thinn(曹玉玲)
选送单位:天鼎教育中心 (Zenith Education Centre)
指导老师: Daw Chaw Kalyar Aung(谭美媛)
摄影师:Ma Moe Wint Yin(陈丽君)
编辑: Mg Ye Linn Aung(洪金财)