“လှပစုံညီ တရုတ်ပြည်” မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ကလေးပန်းချီပြိုင်ပွဲ ဆုရရှိသူများစာရင်း ထွက်ရှိလာပါပြီ
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကဏ္ဍတွဲအစီအစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် “လှပစုံညီ တရုတ်ပြည်” မြန်မာ့ပန်းချီကြယ်ပွင့်ကလေးများအတွက် ကလေးပန်းချီပြိုင်ပွဲကို ကျင်းပခဲ့ပြီး (၁၅) ရက်တာအတွင်း ပြိုင်ပွဲဝင်လက်ရာများအား စုစည်းခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းများ ပြုလုပ်အပြီးတွင် ယခုအခါ ကဏ္ဍအလိုက် ဆုရပြိုင်ပွဲဝင် (၁၈)ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ယနေ့တွင် ဆုရပြိုင်ပွဲဝင်များ၏ အမည်စာရင်းကို ဂုဏ်ယူစွာဖြင့် ဖော်ပြအပ်ပါသည်။
ဤအစီအစဉ်တွင် ပြိုင်ပွဲဝင် စုစုပေါင်း (၁၉၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်လေးများသည် ဆီဆေးပန်းချီ၊ ရေဆေးပန်းချီ၊ ပုံကြမ်းပန်းချီ၊ ရောင်စုံဖယောင်းပန်းချီ စသဖြင့် ပန်းချီဆွဲနည်းအမျိုးမျိုးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲခေါင်းစဉ်နှင့်အညီ တရုတ်ယဉ်ကျေးမှု အနှစ်သာရများ ပေါ်လွင်အောင် မြိုင်မြိုင်ဆိုင်ဆိုင် ရေးဆွဲယှဉ်ပြိုင်ခဲ့ကြပြီး မိမိတို့၏ ပန်းချီအတတ်ပညာနှင့် ပန်းချီဖန်တီးမှုလက်ရာများမှတစ်ဆင့် တရုတ်ယဉ်ကျေးမှုအပေါ် ချစ်မြတ်နိုးမှုနှင့် တရုတ်နိုင်ငံအတွက် ဆုမွန်ကောင်းများကို ပုံဖော်ပြသခဲ့ကြပါတယ်။
ဆုရရှိသူများ၏ အမည်စာရင်းနှင့် ပန်းချီလက်ရာများကို အောက်တွင် ဖော်ပြထားပါသည်။ (နာမည်စာရင်း အစဉ်လိုက်ဖော်ပြချက်တွင် အဆင့်သတ်မှတ်ချက် မရှိပါ။)
ဆုရရှိသည့် ပြိုင်ပွဲဝင်လေးများအားလုံးကို အထူးဂုဏ်ပြုအပ်ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုရပြိုင်ပွဲဝင်များထံ အမှတ်တရ လက်ဆောင်မွန်နှင့် ဂုဏ်ပြုလွှာကို စက်တင်ဘာလ (၃၀)ရက်နေ့မတိုင်မီ စာတိုက်မှတစ်ဆင့် ပေးပို့သွားမည် ဖြစ်ပါသည်။
ဆုရစာရင်းတွင် မပါဝင်ခဲ့သော်လည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြသော ပြိုင်ပွဲဝင်လေးများ၏ အားထုတ်မှုကိုလည်း အသိအမှတ်ပြုပြီး အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။ ထို့အတွက် ဆုရစာရင်းတွင် မပါဝင်ခဲ့သော ပြိုင်ပွဲဝင်အချို့၏ လက်ရာမွန်များကိုလည်း စင်တာ၏ မီဒီယာပလက်ဖောင်းများတွင် ဖော်ပြကာ အွန်လိုင်းအသုံးပြုသူ မိတ်ဆွေပရိသတ်များထံ ဝေမျှပေးသွားမည် ဖြစ်ပါသည်။
နောင်များတွင်လည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အခြားသော အစီအစဉ်ကောင်းများစွာကို ဆက်လက်တင်ဆက်ပေးသွားမည် ဖြစ်သောကြောင့် စောင့်မျှော်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ဆုရပြိုင်ပွဲဝင်လေးများ၏ ပန်းချီလက်ရာများကို အတူခံစားကြည့်ရှုကြပါစို့….