၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” – နူကျန်းမြစ်လျှိုမြောင်ရှုခင်းသာ စိတ်ချမ်းမြေ့ဖွယ်သုခဘုံပမာ
ဗီဒီယိုကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
နူကျန်း (Nujiang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုသည် မြစ်သုံးစင်းအပြိုင်စီးဆင်းရာဒေသ (Three Parallel Rivers) ၏ အချက်အချာနေရာတွင် တည်ရှိသည်။ ၎င်းဒေသတွင် “တရုတ်နိုင်ငံ၏ အလှပဆုံး လျှိုမြောင်ကြီး” ဟု တင်စားခေါ်ဝေါ်သော နူကျန်းမြစ်လျှိုမြောင်ကြီး ရှိသည်။ ဤဒေသရှိ တောင်စဉ်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်တို့က ခံ့ထည်လှပသော ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုမျှော်ခင်းများကို ဖွဲ့စည်းဖြစ်ပေါ်လာစေပါသည်။ ဤနေရာတွင် ကျောက်လမင်းရှုခင်းနေရာ (Stone Moon) ၊ ပင်ကျုံးလော့မြို့ငယ် (Bingzhongluo) ၊ နူကျန်းပထမဆုံးမြစ်ကွေ့၊ တူလုံမြစ် (Dulong) ၊ ကောင်းလီကုံ့တောင် (Gaoligong) နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန် အစရှိသည့် သဘာဝရှုခင်း အရင်းအမြစ်များစွာ ရှိသည်။
နူကျန်းမြစ်လျှိုမြောင်ကြီးသည် တရုတ်နိုင်ငံရှိ သစ်တောဂေဟစနစ်ပတ်ဝန်းကျင် အကောင်းမွန်ဆုံးနေရာများအနက်မှ တစ်နေရာဖြစ်သည့်အလျောက် သဘာဝအောက်ဆီဂျင် ကြွယ်ဝသော နေရာဖြစ်ပြီး လတ်ဆတ်သော သဘာဝကုန်ကြမ်းများ ရှိသည်။ ကန်စွန်းရွက်၊ မြေအောင်းမှိုနက်၊ တောထင်းရှုးမှို အစရှိသည်တို့ကို တောတောင်များတွင် ရှာဖွေခူးယူနိုင်ပေသည်။