၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ - “လည်ပတ်ကာရှုစား မြို့တော်ပေကျင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများ”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-18 16:39:03


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ရှေးဟောင်းခုံးဟိုစောင်းကောက် (Konghou) အနုပညာ၊ အော်၍ရောင်းချကြသော ရှေးဟောင်းပေကျင်းမြို့ဈေးသည်များ၊ အပြောနှင့်အဆို ပေါင်းစပ်ကာ ဗုံတီး၍ တင်ဆက်သော ပေကျင်းစတိုင်လ်ပုံပြင်ပြောခြင်း စသဖြင့်တို့ကို အလှည့်ကျ ဖျော်ဖြေတင်ဆက်ခြင်းဖြင့် ပေကျင်းမြို့၏ နန်းမြို့တော်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းယဉ်ကျေးမှုများကို ထင်ဟပ်ဖော်ပြလျက်ရှိသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ မူလလက်ဟောင်းအမှတ်တံဆိပ် ဆိုင်ပေါင်း (၂၀)နီးပါးသည် “လည်ပတ်ကာရှုစား မြို့တော်ပေကျင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများ” လှုပ်ရှားမှုပွဲတွင် ထုတ်ကုန်အသစ်၊ ဖန်တီးမှုအသစ်၊ ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ခဲ့ပြီး “လူ၊ အရာဝတ္ထုနှင့် လူမှုဘဝများအား လေ့လာသိမြင်ခြင်း” ဟူသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ သဘောထားအမြင်များကို မျှဝေပေးခဲ့သည်။



ခရီးသွားဧည့်သည်များအနေဖြင့် ပေကျင်းမြို့တွင် လည်ပတ်ရင်း စွဲမက်ဖွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ လေ့လာရင်းမှ ယဉ်ကျေးမှုတိုးတက်မှုရလဒ်များကို သိရှိခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းရင်းမှ စိတ်အားထက်သန်မှုကို စောင့်ထိန်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။