၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကျေးလက်ဖွံ့ဖြိုးရေး - ယွီကျေးရွာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-17 17:56:31


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ယွီကျေးရွာ (Yu) သည် ကျဲ့ကျန်းပြည်နယ် (Zhejiang) အန်းကျီကောင်တီ (Anji) ၊ ထျန်းမုတောင် (Tianmu) ၏ မြောက်ဘက်တောင်ခြေရင်းတွင် တည်ရှိသည်။ ကျေးရွာအတွင်း၌ မင်းဆက်ငါးဆက်ထီးနန်းပြိုင်ခေတ်ကာလ နှောင်းပိုင်းလျန်(Liang)မင်းဆက်ခေတ်တွင် တည်ဆောက်ခဲ့သည့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရှေးဟောင်းလုံချင့်ဗုဒ္ဓဘာသာဘုရားကျောင်း (Longqing) ၊ “ယန်စီမြစ်တောင်ပိုင်းဒေသရှိ ဂင်ဂိုပင်တို့၏ (Ginkgo) ဘုရင်” ဟု မှတ်ယူကြသည့် သက်တမ်းထောင်ချီနေသော သစ်ပင်အိုကြီးနှင့် “သက်ရှိရုပ်ကြွင်း” ဟု ခေါ်ဝေါ်ကြသည့် သက်တမ်းရာကျော်နေသော ဧရာမတရုတ်ရေပုတ်သင် စသည်တို့ ရှိပါသည်။



ဆယ်နှစ်ကျော်ကြာ ကာလအတွင်းတွင် ယွီကျေးရွာရှိ သတ္တုမိုင်းတွင်းများအား ပိတ်ပြီး ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းကာ ကျေးလက်ခရီးသွားလုပ်ငန်းကို ချဲ့ထွင်ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် ၎င်းရွာသည် ဂေဟစနစ်အရင်းအမြစ်များ၏ အားသာချက်များကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အားသာချက်များအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီး ဂေဟစနစ်ထိန်းသိမ်းကာကွယ်ရေးနှင့် ပြည်သူတို့၏ ဘဝနေထိုင်မှု တိုးတက်ကောင်းမွန်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ခဲ့ကြပါသည်။