၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြစ်ဝါမြစ်ယဉ်ကျေးမှု - မြစ်ဝါမြစ်၏ ချန်ခွန်းကွေ့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-17 17:48:58


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



မြစ်ဝါမြစ်သည် ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့် (Qinghai-Tibet Plateau) မှ စတင်၍ တောက်လျှောက် ဖြတ်သန်းစီးဆင်းလာရာ ချင်-ကျင့်လျှိုစောက် (Qin-Jin Gorge) ၏ ရန်ချွမ်းအပိုင်း (Yanchuan) သို့ရောက်သောအခါ “S” သဏ္ဌာန် (၅)ခု ဆက်တိုက် ကွေ့ကောက်သွားပုံမှာ ဧရာမနဂါးကြီးတစ်ကောင် တစ်ဟုန်ထိုး ပြေးလွှားနေသဖွယ် ဖြစ်နေပါသည်။ ၎င်းမြစ်ဝါမြစ်မြွေလိမ်မြွေကောက်သဏ္ဌာန် ဘူမိသွင်ပြင်သည် ထင်ရှားကျော်ကြားသော ကမ္ဘာ့အံ့ဖွယ်ပင် ဖြစ်သည်။



မြစ်ဝါမြစ်၏ ချန်ခွန်းကွေ့ (Qiankun) အဝိုက်သည် (၃၂၀)ဒီဂရီ ရှိပြီး ပုံသဏ္ဌာန်မှာ ထိုက်ကျီပုံ (Tai Chi) အမှတ်အသားနှင့် ဆင်တူသည်။ ၎င်းကို မြစ်ဝါမြစ်၏ ပထမအကွေ့ဟူ၍ သတ်မှတ်ကြပြီး ခမ်းနားထည်ဝါလှသည်။ ချန်ခွန်းကွေ့ရှုခင်းနေရာသည် ခရီးသွားအရင်းအမြစ် ကြွယ်ဝပြီး ဝိသေသလက္ခဏာများ ပေါ်လွင်ထင်ရှားသည်။ ၎င်းတို့အနက် ချန်ခွန်းကွေ့ (Qiankun) ၊ ချင်းဆွေကွေ့ (Qingshui) ၊ ဟွေ့ဖုန်းရွာ (Huifeng) နှင့် မြစ်ဝါမြစ်လျှိုစောက် အစရှိသည့် ခရီးသွားရှုခင်းနေရာများသည် လည်ပတ်လေ့လာထိုက်လှပေသည်။ ထို့အပြင် လျိုကျားစန်းရွာ (Liujiashan) ရှိ မော်စီတုန်း (Mao Zedong) ယခင်နေထိုင်ရာအရပ်နှင့် နျန်ဖန့်ရှေးဟောင်းရွာ (Nianpan) အစရှိသည့်နေရာများတွင် တစ်မူထူးခြား၍ အဖိုးထိုက်လှသော သမိုင်းဝင်ယဉ်ကျေးမှုများ ရှိသည်။