၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြစ်ဝါမြစ်ယဉ်ကျေးမှု - သာယာလှပ တရုတ်နိုင်ငံအလှ၊ ခံစားမှုများဆွဲငင် မြစ်ဝါမြစ်ခရီးစဉ်

အရင်းအမြစ် - 仰光中国文化中心ထုတ်ပြန်ချိန် - 2022-09-16 16:32:13


WeChat Image_20220901095044.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



မြစ်ဝါမြစ်သည် တရုတ်ယဉ်ကျေးမှု၏ အရေးပါသော အစပြုရာနေရာဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြည်နယ်နှင့်ဒေသ(၉)ခုကို ဖြတ်သန်းစီးဆင်းကာ စုစုပေါင်း (၅၄၆၄)ကီလိုမီတာ ရှည်လျားသည်။ ယင်းသည် ဆန်းတုန်းပြည်နယ် (Shandong) အတွင်း (၆၂၈)ကီလိုမီတာ ဖြတ်သန်းစီးဆင်း၍ မြစ်ဝါမြစ်အောက်ပိုင်း၏ လေးပုံသုံးပုံခန့်ပင် ရှိပါသည်။



မြစ်ဝါမြစ်သည် မြစ်လယ်ပိုင်းနှင့် မြစ်အထက်ပိုင်းမှ ရေအရင်းအမြစ်နှင့် နုန်းမြေများကို မြစ်အောက်ပိုင်းရှိ ဆန်းတုန်းပြည်နယ်သို့ သယ်ယူပို့ဆောင်ပေးရုံသာမက မြစ်လယ်ပိုင်းနှင့် မြစ်အထက်ပိုင်းများ၏ အသိဉာဏ်ပညာနှင့် ယဉ်ကျေးမှုဟန်တို့ကိုပါ ဆန်းတုန်းပြည်နယ်တွင် စွဲထင်ကျန်ရစ်စေရာ ဆန်းတုန်းပြည်နယ်အား မြစ်ဝါမြစ်ဝှမ်းဒေသ၏ ဂေဟစနစ်နှင့် ယဉ်ကျေးမှုအရင်းအမြစ်များ ပေါကြွယ်ဝရာဒေသအဖြစ် ဖြစ်ထွန်းလာစေပါသည်။ ဤဒေသရှိ “ကွန်ဖြူးရှပ်ဝါဒယဉ်ကျေးမှု”၊ “Water Margin ယဉ်ကျေးမှု”၊ “တူးမြောင်းယဉ်ကျေးမှု”နှင့် “ကျီနန်မြို့ယဉ်ကျေးမှု”တို့မှာလည်း တစ်မူထူးခြားသော ဆွဲဆောင်မှုများရှိသည်။