၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ကျေးလက်ဖွံ့ဖြိုးရေး - ရှုစန်းရွာ
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရှုစန်းရွာ (Shushan) သည် ကျန်းစူးပြည်နယ် (Jiangsu) စူးကျိုးမြို့ (Suzhou) ရှိ ဟူချိုးဒေသ (Huqiu) တွင် တည်ရှိကာ ယင်းရွာတစ်ခုလုံးကို ရန်စန်းတောင် (Yangshan) နှင့် ကျီးလုံတောင် (Jilong) တို့က ရစ်ပတ်ဝန်းရံလျက်ရှိသည်။ ရွာလေးမှာ တောတောင်ရေမြေ သဘာဝရှုခင်းအလှများဖြင့် ပြည့်နှက်နေကာ တောင်တန်းများ၏ သဘာဝတန်ဖိုးသည်လည်း ပြည့်ဝကောင်းမွန်နေဆဲပင် ဖြစ်သည်။ လယ်ကွင်းများအတွင်း စိုက်ပျိုးထားသော ရှုစန်းဒေသထွက် “ချွေ့ကွမ့် (Cuiguan)” ပန်းသစ်တော်သီးများသည် ယခုအခါ လည်ပတ်ကြည့်ရှုစရာသစ်သီးခြံ ဖြစ်လာပြီး တောင်စောင်းများတွင်လည်း ရှုစန်းဒေသထွက် ဘေဘယ်ရီသီး (Red Bayberry) ၊ လက်ဖက်ပင်နှင့် ဝါးမျှစ်များကို စိုက်ပျိုးထားသည်။ သို့ဖြစ်ပါ၍ ရှုစန်းရွာသည် လက်ဖက်ရွက်၊ ဘေဘယ်ရီသီးနှင့် ချွေ့ကွမ့်ပန်းသစ်တော် ဤ“ရတနာသုံးပါး”တို့ဖြင့် နိုင်ငံတစ်ဝန်းတွင် ကျော်ကြားသည်။
ဤဒေသတွင် သမိုင်းကြောင်းယဉ်ကျေးမှုများ နက်ရှိုင်းပြီး သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ် ပေါများကြွယ်ဝလှပါသည်။ ထူးခြားဆန်းပြားဖွယ် တာ့ရှင်တောင်ထွတ် (Dashi)၊ ထူးဆန်းဖွယ် ကျောက်ဆောင်နှင့် ဂူတွင်းများ၊ ကျောက်ပန်းပုများဖြင့် မြင်မြင်သမျှ နေရာအနှံ့ စိမ်းစိုလျက်ရှိပြီး သဘာဝအလှတို့စုံရာမြေအဖြစ် တွေ့မြင်ခံစားနိုင်မည် ဖြစ်ပါသည်။