၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ပိုးလမ်းမယဉ်ကျေးမှုခရီးသွား - “တိဗက်ခရီးသွားလုပ်ငန်းကဏ္ဍအသစ်”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ တိဗက်ဒေသသည် တောင်နှင့် ရေခဲဆီးနှင်းတို့၏ ဌာနေဖြစ်သည်။ ကြွယ်ဝစုံလင်သော သဘာဝအရင်းအမြစ်များနှင့် တစ်မူထူးခြားသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများသည် များပြားလှသော ခရီးသွားဧည့်သည်များအား စွဲမက်ခုံမင်စေပါသည်။
တိဗက်ဒေသ၏ ခရီးသွားလာရေးလုပ်ငန်းအခြေအနေသည် လတ်တလောနှစ်များတွင် အဆက်မပြတ် ဆန်းသစ်တိုးတက်လာပါသည်။ ခရီးသွားဧည့်သည်များအား စိတ်ကျေနပ်မှုနှင့် ခံစားမှုအတွေ့အကြုံများ ပိုမိုရရှိစေရန်အတွက် ရေခဲဆီးနှင်းခရီးစဉ်၊ ရေပူစမ်းခရီးစဉ်၊ စွန့်စားအားကစားခရီးစဉ်၊ ကိုယ်တိုင်မောင်းနှင်ပြီး တည်းခိုနေထိုင်မှုခရီးစဉ်၊ တရုတ်တိုင်းရင်းဆေးနှင့် တိဗက်ရိုးရာတိုင်းရင်းဆေးဆိုင်ရာ ကျန်းမာရေးလိုက်စားမှုခရီးစဉ် အစရှိသည့် ခရီးစဉ်များကို ဆက်လက် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တိဗက်ဒေသအား ကမ္ဘာ့အဆင့် ခရီးသွားနေရာ ဖြစ်လာစေရန် တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ခရီးသွားများ၏ စိတ်ကို ဖမ်းစားနိုင်သော တိဗက်ဒေသ၏ သဘာဝနှင့် ယဉ်ကျေးမှု ပေါင်းစပ်ထားသည့် လေ့လာရေးခရီးစဉ်အား အတူတကွ လည်ပတ်ရန် ဖိတ်ခေါ်အပ်ပါသည်။