၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” မြိုပြတည်ဆောက်မှု - “ကွေ့ကျိုး - ရှီးကျန်းချန်းဟုမြောင်ကျေးရွာ”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ကွေ့ကျိုးပြည်နယ်(Guizhou) လိန်ရှန်းကောင်တီ(Leishan)ရှိ ရှီးကျန်းချန်းဟုမြောင်ကျေးရွာ(Xijiang Qianhu Miao)သည် ကမ္ဘာပေါ်တွင် မြောင်တိုင်းရင်းသား အများဆုံး စုစည်းနေထိုင်သည့် ကျေးရွာဖြစ်သောကြောင့် ၎င်းဒေသသို့ ရောက်လျှင် မြောင်တိုင်းရင်းသားလူမျိုးတို့၏ ဖော်ရွေပျူငှာမှု၊ ဉာဏ်ပညာထက်မြက်မှု၊ အစားအသောက်နှင့် ပြောင်မြောက်သော လက်မှုပညာအမျိုးမျိုးတို့ကို လေ့လာသိရှိနိုင်မည် ဖြစ်သည်။
မြောင်တိုင်းရင်းသားတို့၏ ခြေတံရှည် သစ်သားအိမ်များသည် တောင်ကို အမှီပြု၍ ဆောက်လုပ်ထားပြီး ခမ်းနားလှသည်။ မြောင်ရိုးရာဟင်းလျာများ တည်ခင်းထားသော စားပွဲခုံတန်းရှည်စားတော်ပွဲသည် နှစ်ပေါင်းထောင်ချီကြာ သမိုင်းသက်တမ်း ရှိပြီး အစားအစာများ သုံးဆောင်သည့် တစ်ချိန်တည်းတွင် မိတ်ဆွေသူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး တွေ့ဆုံကြသည့် အချိန်လည်း ဖြစ်သည်။ မြောင်တိုင်းရင်းသားတို့၏ ငွေထည်ပြုလုပ်မှုအတတ်ပညာကို လက်ဆင့်ကမ်း အမွေဆက်ခံထိန်းသိမ်းခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီဖြစ်ပြီး လက်ရာများသည် အလှအပနှင့် ယဉ်ကျေးမှုတို့ကို တစ်ပေါင်းတည်း စုစည်းထားသည်။
ရှီးကျန်းချန်းဟုမြောင်ကျေးရွာခရီးစဉ်တွင် တစ်မူထူးခြားသော တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့များကို လေ့လာကြည့်ကြရအောင်။