၂၀၂၂ ခုနှစ် “တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ်” ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ - “ချိဆွေ ဝါးလက်မှုလုပ်ငန်း”
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ကွေ့ကျိုးပြည်နယ် (Guizhou) ချိဆွေမြို့ (Chishui) သည် တရုတ်နိုင်ငံ၏ အကြီးဆုံးသော Danxia (ခေါ်) ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်များ ပျံ့နှံ့ဖြစ်ပေါ်ရာဒေသတွင် တည်ရှိပြီး ဝါးအရင်းအမြစ်များ ပေါကြွယ်ဝသဖြင့် “တရုတ်နိုင်ငံ၏ ဝါးတို့ဇာတိမြေ ဌာနေ(၁၀)ခု”မှ တစ်ခုအပါအဝင်အဖြစ် တင်စားသတ်မှတ်ခြင်းခံရသည်။ ၂၀၁၉ ခုနှစ်မှစ၍ တရုတ်နိုင်ငံရှိ ဌာနဆိုင်ရာနှင့် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) လုပ်ငန်းဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး “ချိဆွေဝါးလက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုရေး စမ်းသပ်ဇုန်” စီမံကိန်းကို အတူတကွ အကောင်အထည်ဖော် လုပ်ဆောင်ကာ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် + ဆင်းရဲမှုလျှော့ချရေး” ထောက်ပံ့မှုအစီအစဉ်အတွင်း ထည့်သွင်းခဲ့သည်။
“ချိဆွေ ဝါးလက်မှုလုပ်ငန်း”၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်မှုနှင့် ကာဗွန်ထုတ်လုပ်မှုလျော့နည်းစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို မြှင့်တင်လုပ်ဆောင်ရာတွင် ရရှိခဲ့သော လက်တွေ့အတွေ့အကြုံများသည် တရုတ်နိုင်ငံသာမက ကမ္ဘာ့အမွေအနှစ်နေရာများအတွက်ပါ နည်းနာယူလေ့လာသင့်သော ဥပမာကောင်းတစ်ခု ဖြစ်ပေသည်။